Chapter (1)💘

9.3K 858 77
                                    

Unicode

နေ့ခင်းဘက်မှာသူရိန်နေမင်းကြီးတောက်ပစွာထွက်လာဖို့ အတွက်
အေးမြတဲ့စန္ဒာလမင်းလေးကပျောက်ကွယ်ပေးရတယ်တဲ့။
နေနဲ့လဟာဂုဏ်ရည်ချင်း
သာမတူတာ....ကမ္ဘာကြီးကိုအမှောင်ကနေအလင်းပေးနိုင်တာနေတစ်ခုထဲမဟုတ်သလို လတစ်မျိုးထဲလည်းမဟုတ်ခဲ့ဘူးလေ......
တစ်မျိုးတည်းကိုပဲ မျက်နှာမူပေးတာတော့ မတရားဘူးမဟုတ်လား.။

**********************************

ကံကြမ္မာကား ဆန်းကြယ်လွန်းသည်..။
တစ်ဦးတည်းသာ တိတ်ဆိတ်နေသည့် တစ်ယောက်တည်းသော တစ်ဦးတည်းသာဖြစ်တည်သော ကျွန်တော်တစ်ကိုယ်တည်း၏ ဘဝထဲသို့ အရောင်စုံလှသည့် ခပ်လှလှ ရင်ခုန်သံကျောက်တုံးတစ်ခုကို
ကျွန့်‌တော့်ရဲ့၁၈နှစ်ပြည့်မွေးနေ့တွင်
တွေ့ဆုံခဲ့သည့် လူတစ်ယောက်က အမှတ်မထင်ပစ်ထည့်ခဲ့သည်တဲ့..။
အင်း... ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်တော့
ကျွန်တော့်ကို ရင်ခုန်အောင်လုပ်ခဲ့တဲ့
ပထမဆုံးသောသူပေါ့
သူ့နာမည်က
'JEON JUNG KOOK'တဲ့//

မတော်တဆလေး...တစ်ခုကိုအစပြုလို့...ကျွန်တော်နဲ့သူ စတင်ခင်မင်ခဲ့တယ်...။အခုဆိုလျှင်...သူနဲ့ခင်မင်ခဲ့တာ...တစ်လတောင်ရှိခဲ့ပေပြီ....။မျက်လုံးလှလှလေးတစ်စုံ..
ရီလိုက်တိုင်းထွက်ပေါ်လာသည့် ယုန်သွားလေးနှင့် နှုတ်ခမ်းပါးလေးအောက်က မှဲ့နက်လေးနှင့်တင် ကျွန်တော့်ကမ္ဘာကြီး လုံလောက်ခဲ့သည်...။

မလိုတော့ပါဘူး...အခြားအပေါင်း
အသင်းသူငယ်ချင်းတွေ....ကျွန်တော့်ရဲ့‌ဘေးမှာ...သူဆိုတဲ့သူငယ်ချင်းလေး..ရှိဖို့ပဲလိုအပ်တယ်..။
အင်း....သူငယ်ချင်းပေါ့။ 

ယနေ့တောင်သူ့ကိုမြန်မြန်တွေ့ရမယ်......ဆိုတဲ့အတွေးနဲ့ မနက်စာတောင်မေ့ခဲ့သည်တဲ့..။
တမင်မေ့ချက်ယောင်ဆောင်ကာ မစားခဲ့ခြင်းဆို...ပိုမှန်ပေမည်။အချိန်ကို အရင်ကတန်ဖိုးမထားခဲ့သမျှ ထိုလူသားနှင့်တွေ့မှ မနက်စာစားသည့်အချိန်ကိုပင် အပိုအချိန်တွေဟု တွေးထင်မိသည့်အထိ..။

"အာ့...!!"

အတွေးလွန်နေသဖြင့်..လမ်းဘေးရှိချယ်ရီပင်မှ တစ်စွန်းတစ်စထွက်နေသော..အမြစ်အားမမြင်ပဲထုံးစံအတိုင်းဝင်တိုက်လိုက်ကာခြေထောက်ခေါက်သွားခြင်းပင်..။
ရှပ်ပြာခပ်သောအမူအကျင့်..သတိလက်လွတ် ဖြစ်ဖြစ်သွားသော အကျင့်ကတော့.. ကြီးတဲ့အထိမပျောက်သေး...။

I WANT TO BE HIS LOVE (Completed)Where stories live. Discover now