Chapter (2)💘

6.8K 856 91
                                    

Jeon.....
ချစ်ရပါသောJeon.....
ဘဝမှာ..ပထမဆုံးအနေနဲ့Jeonကိုပဲရင်ခုန်ပြီး....
ပထမဆုံးအနေနဲ့Jeonကိုချစ်ခဲ့တာ...။
ဒါပေမဲ့လည်းလေ Jeonရဲ့ပထမဆုံးကရောMinဖြစ်နိုင်ပါ့မလား.....??

အလိုကြီးသူကအရနည်းတယ်တဲ့....
Minရဲ့လောဘလေးတွေကို....
တက်နိုင်သလောက်...လျှော့ချပစ်မှာမလို့...

ကျေးဇူးပြုပြီး...
Jeonတစ်ယောက်ကိုတော့....ပိုင်ဆိုင်နိုင်အောင်...
ကြိုးစားဖို့အခွင့်အရေးလေး...ပေးပါလားဟင်...

**********************************

ဒီနေ့လည်း...ကျောင်းသို့စောစောစီးစီး..ထွက်လာခဲ့သည်။....
ဆောင်းရာသီဝင်စပြုလာပြီးဖြစ်သဖြင့်....ရာသီဥတုက..အတော်အတန်ချမ်းစိမ့်စိမ့်ဖြစ်နေလေရဲ့....။

ထုံကျင်စပြုလာတဲ့...လက်လေးနှစ်ဖက်က်ို..အနွေးထည်အိတ်ကပ်လေးထဲသို့ထဲရင်း..ဖြေးညင်း လျော့ရဲစွာ လမ်းလျှောက်လာခဲ့သည်။

ဒီနေ့တော့ ထူးဆန်းစွာ..ကျောင်းကိုမြန်မြန်ရောက်ချင်စိတ်လည်း....ဖြစ်မနေခဲ့ပါ...။

အရင်ကဆို...Jeonနဲ့တွေ့ရမည်ဟူသောစိတ်လေးနှင့်...ရောက်နိုင်သမျှ မြန်မြန်ရောက်အောင်...လာလေ့ရှိခဲ့သော်လည်း...

ယနေ့တော့..ခြေလှမ်းများက
နှေးကန်လျော့ရဲစွာ....။
မနေ့ကတွေခဲ့သောTae..ဆိုသည့်ကောင်လေး
နှင့်Jeonရဲ့ပတ်သတ်မှုကို....လျှောက်စဥ်းစားရင်း...စိတ်ထဲတွင်စိုးရိမ်မှုဒီဂရီ..မြင့်တက်လာခဲ့သည်။

Jeonကတော့...နှုတ်ကနေ..
ငယ်ငယ်ထဲကအိမ်ချင်းကပ်ရပ်နေခဲဲ့တဲ့....သူငယ်ချင်းဟုဆို​
နေသော်လည်း...
မျက်ဝန်းများကမူ.....သူငယ်ချင်းဆိုတဲ့..အဖြူရောင်စည်းလေးကို စွန်းထင်းချင်စပြုနေသော...အရိပ်အယောင်များကို...တွေ့နေရသည်...။

သိတာပေါ့..Jeonရယ်...
သိပ်သိတာပေါ့
Minလည်းတစ်ဖက်သတ်အချစ်နဲ့ချစ်နေသူတစ်ယောက်ပါ...။
Taeဆိုတဲ့လူကိုကြည့်နေတဲ့..
Jeonရဲ့မျက်ဝန်းလေးတွေရဲ့..အဓိပ္ပါယ်ကို....Jeonကိုယ်တိုင်မသိခဲ့ရင်တောင်..Minနားလည်နေခဲ့ပါတယ်...သိပ်သိတာပေါ့..

ဒါပေမဲ့လည်း‌လေ..
Minတစ်ခါလောက်လျစ်လျူရှု့
တစ်ကိုယ်ကောင်းဆန်ကြည့်ချင်တယ်....
Jeonမျက်ဝန်းတွေရဲ့..အဓိပ္ပါယ်ကိုမသိခဲ့သလို...မနားလည်ခဲ့သလိုနေပါရစေ..။

I WANT TO BE HIS LOVE (Completed)Where stories live. Discover now