💝M36💝

1.8K 172 22
                                    

Z/

ထူးပန် ကုမ္မဏီမှ ပြန်ရောက်ရောက်ချင်း အိပ်ယာထက် ကန့်လန့် ပစ်လှဲချရင်း မျက်လုံးတွေကို မှိတ်ထားမိသည်။ မောင်မရှိသော အိမ်ကြီးက တိတ်ဆိတ်ခြောက်ကပ်နေလိုက်တာ။ဤ အိမ်၊ဤနေရာ ၊ဤရပ်ဝန်းသည် မောင်မရှိစဉ် သူလူပျိုဘဝကတည်းက နေခဲ့ပါသော အိမ်ကြီးပင်ဖြစ်လင့်ကစား၊မောင်နဲ့တွေ့ဆုံပြီးနောက်၊မောင်သူ့ဘဝထဲ ဝင်လာပြီးနောက်မှာတော့
သူ့ တစ်ဘဝလုံး နေသားကျနေခဲ့ပါသော ဤအိမ်ကြီးက သူ့အတွက် စိမ်းသက်နေသယောင်၊အထီးကျန်ဆန်ရလွန်းလှသည်။

ဟူး...လွမ်းလိုက်တာ မောင်ရယ်။မောင့်အား ဒီတစ်နေ့လုံး သူPhမခေါ်နိုင်အားခဲ့ပါ။အင်း အခုချိန်လောက်ဆို မောင်တစ်ယောက်သူ့အား စိတ်ကောက်နေလောက်တော့မည်။သို့တည်းမဟုတ် သူ့အား အမှတ်မှရနိုင်အားပါမည်လား? ။ဤသို့သော နောက်ဆက်တွဲ အတွေးများကတော့ သူ့နှလုံးအိမ်အား ဖျစ်ညှစ်ချေမွသလို ခံစားစေရသည်။ဟင့်အင် မောင်က သူ့အားစိတ်ကောက်နေပါလိမ့်မည်။ဟုတ်တယ် မောင်ကြိုက်သလောက်စိတ်ကောက်နေပါစေ သူဘယ်လောက်ပဲချော့ရချော့ရ ချော့နိုင်တာမို့ ကို့ရဲ့မအားလပ်နိုင်ခဲ့တဲ့အချိန်တွေအတွက် ကို့ကို မောင့်စိတ်ကြိုက် စိတ်ကောက်နေပေးလှည့်ပါ အချစ်ရယ်။

ထူးပန် ယောက်ယက်ခတ်နေသော ဟိုရောက်ဒီရောက် အတွေးတို့အား ရပ်တန့်စေရန်အလို့ငှာ မျက်နှာထက် လက်ဖဝါးနှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်တိုက်ပစ်လိုက်ကာ ထထိုင်လိုက်သည်။

နောက် နက်တိုင်အား ဖြစ်သလို ဆွဲချွတ်၍ အိပ်ယာဘေးက စားပွဲပေါ် ဖြစ်သလိုပင်ပစ်တင်လိုက်သည်။နောက် အခန်းတစ်ခုလုံးအား ဝေ့ဝဲကြည့်လိုက်မိသည်။ကြည့်ပါအုန်း
မောင်မရှိတဲ့ ဒီရက်ပိုင်းလေးအတွင်းမှာတင် အခန်းတစ်ခုလုံး ရှုပ်ပွကာ ဗြောင်းဆန်နေပေပြီ ။မောင်သာ မြင်ရင် သူ့အား တစ်နေကုန်တနေကမ်း ဆူပူပြောဆိုနေပါလိမ့်အုန်းမည်။ကြည့်လေ ဟိုနေရာ၊ဒီနေရာမှာ ပြန့်ကျဲနေတဲ့ နက်တိုင်က ၃/၄ခု ။ဖြစ်သလိုပစ်တင်ထားပါသော တို့လို့တွဲလောင်း ရေဝတ်ပုဆိုးတွေ၊Towerတွေ၊ အဝတ်ပေခြင်းထဲမရောက်တရောက်အဝတ်ပေတွေ၊ဘေးကျနေတာကရှိသေးတယ်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now