💝M37💝

1.7K 166 35
                                    

Z/

ရံစည်းစိမ်

အိပ်ယာထကိုယ်လက်သန့်စင်ပြီး ထမင်းစားခန်းထဲရောက်တော့ မားက သူ့အကြိုက် မားလက်ရာ ရှမ်းခေါက်ဆွဲကိုကိုယ်တိုင်ပြင်ဆင်လာပေးသည်။သူ စားပွဲဝိုင်းမှာ ဝင်ထိုင်ပြီး မားကို နှုတ်ဆက်၍ စစားလိုက်သည်။စားနေရင်းမှ ပါးကိုတစ်ချက်ရှိုးလိုက်တော့ ပါးကလည်း သူ့အားကြည့်နေရာမှ အကြည့်လွှဲသွားကာ ရှမ်းခေါက်ဆွဲသာ ငုံ့စားနေတော့သည်။

ဒီနေ့ရဲ့ Breakfast ဝိုင်းကတော့အခါတိုင်းထက်ထူး၍ တိတ်ဆိတ်နေသလိုပင်ဖြစ်သည်။သူငယ်ငယ်ကတည်းကလည်း မိဘတွေနဲ့ရင်ပူးရင်ကပ်မနေခဲ့ရသည်ကြောင့်လည်းပါလိမ့်မည်။သူသိတတ်စအရွယ်ထဲက စီးပွားရေး သားကောင်ဖြစ်သောပါးက တစ်ချိန်လုံး ထိုအလုပ် ၊အလုပ်နဲ့ အလုပ်ထဲသာခေါင်းစိုက်ကာ သူ့ကိုရောမားကိုရော အချိန်မပေးနိုင်ခဲ့ပါ။

မားကလည်းပါးကိုစိတ်မချနိုင်ခြင်းနဲ့ ပါးနောက်သာလိုက်နေခဲ့ကာ သူ့အတွက် နွေးထွေးလုံခြုံတဲ့ မိသားစု ရသ ဆိုသည်အား မခံစားခဲ့ရချေ။ချမ်းသာသုခနဲ့ပြည့်စုံခဲ့သော သူ့ဘဝမှာ နွေးထွေးလုံခြုံအေးမြစေသော မေတ္တာတရားရဲ့ရသကို လျှံ့ဆီမှသာ ခံစားခဲ့ရသည်။ဒါကြောင့်လည်း လျှံသည်သာ သူ့အတွက်တစ်ဦးထဲသော တွယ်တာရာ၊မြတ်နိုးရာ ဖြစ်ခဲ့သည်။

ရံ
အတိတ်ကအကြောင်းရာအတွေးတွေထဲမှာ နစ်မြုပ်ရင်း သူလျှံ့အားမေတ္တာ ရှိနေသည်ကို မိဘတွေထံဘယ်လိုစကားစရမယ်မသိဖြစ်နေခဲ့သည်။ဒါကို ပါးက သူ့အရိပ်ကဲကို ဖမ်းမိဟန်ရကာ စားလက်စ ရှမ်းပန်းကန်ကို ဘေးသို့တွန်းပို့လိုက်ပြီး နှုတ်ခမ်းကိုတစ်ရှုးနဲ့သုပ်ကာ....

"တစ်ခုခုပြောစရာရှိနေတာလား။
ပြောစရာရှိရင်ပြော...ဘာကိစ္စမို့ဒီလောက်တောင်တွန့်ဆုတ်နေတာလဲ ရံစည်းစိမ်"

"ပါး ဒီနေ့ ကုမ္မဏီမသွားဘူးလား "

"မသွားဘူး ငါဒီနေ့နားတယ်"တကယ်တော့ ဦးဓနရံ
အစက ဒီနေ့ကုမ္မဏီသွားမည်သာ၊နားဖို့ရန်အစီစဉ်မရှိခဲ့ပါ။သို့သော် မိမိသားတော်မောင်က မိမိအားစကားပြောချင်နေဟန်ရှိသည်မို့၊ပြီးတော့ ထိုစကားကလည်း အလေးနက်အရေးကြီးသောကိစ္စ ဖြစ်ဟန်ရှိသည်မို့သာ သူအလုပ်မသွားတော့ဖို့ ချက်ချင်းဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now