💝M47💝

2.4K 197 72
                                    

Z/

ငစိုင်း

ရံစည်းစိမ်တို့ကို ချစ်ကြည်နူးတစ်တီတူးလို့ပြီးတဲ့ထိစောင့် သူတို့မိဘအိမ်ပြန်ပို့ပြီးနောက် အခုနေခဲ့သည့်တိုက်ခန်းလေးကို သန့်ရှင်းရေးလုပ် လွင်မင်းညို ဦးလေးဆီပြန်အပ်ခဲ့ပြီး ညနေ နေစောင်းမှ အိမ်သို့ပြန်ရသည်။သူ့မှာသာ ခွေးစာလည်းမျှော် ရ ၊သူတို့ ကိစ္စဝိစ္စတွေပါ လုပ်ပေးရကိုင်ပေးရနဲ့ ဖတ်ဖတ်မောရတာ ဟိုနှစ်ယောက်ကတော့ မိဘတွေအိမ်အရောက်ပို့ပေးပြီး သာယာသွားကြပြီ။မိမိမှာသာ.....ဟူး ဒါလည်း ဘယ်သူမပြုမိမိမှုပင်မို့ ကိုယ့်အပစ်ကိုသိ ခံရုံပဲတတ်နိုင်သည်။သူ ရည်ရွယ်ခဲ့မိသည်ဖြစ်စေ မရည်ရွယ်ခဲ့ပါသည်ဖြစ်စေ သူ့ကြောင့် နစ်နာဆုံးရှုံးခဲ့ရသမျှအား သူဒီလောက်ထိ သူ့ဘက်ကလည်း ထပ်တူပြန်ပေးဆပ်ပြီးခဲ့ပြီမို့ လျှံဝေသော်တို့အပေါ် တင်နေတဲ့ အကြွေးတွေ ကျေလောက်ပါပေပြီ။

ဖြစ်ပျက်ခဲ့သမျှက သူနဲ့ကိုကို့ကြား ဝင်ရောက်ဖို့ကြိုးစားခဲ့ပါသော် ဖူးပွင့်သော်မှ အစပြုခဲ့ပါလျှင်တောင် စိုင်းဟိန်းထက် ဒါတွေကို သူကပင် အဆုံးသတ်ချေဖျက်လိုက်ချင်သည် ။တကယ်ဆို ဒီပွဲမှာ နှစ်ကြိမ်နှစ်ခါတိတိ ထိခိုက်နစ်နာကြရသူတွေက သူနဲ့ကိုကိုသာပင်လျှင် ။အထူးသဖြင့် ကိုကို.....ကိုကိုက အမြဲတမ်း သူ့ကြောင့် ဟူး.....။ကိုကို....ကိုကို့ကိုတော့ မောင်က မောင့်တဘဝလုံးနဲ့ ကိုကိုခံစားနာကျင်ရသမျှကို ချေဖျက်ပေးသွားမဲ့သူပါ။

ဖြစ်ပျက်ခဲ့သမျှ၊ဖြစ်ပျက်နေသမျှကို ပြန်လည်းဆန်းစစ်တွေးတောရင်း
သူ မန်းလေးပြန်ဖို့ အထုပ်ပိုးတွေပြင်ဆင်နေစဉ် မေမေ မှာသောစကားများနဲ့ ဆုံးမသြဝါဒစကားများကိုလည်း ကြားတစ်ချက်၊မကြားတစ်ချက်နဲ့ နာခံရသေးသည်။၊သူတို့သမက်က သူတို့တားသည့်ကြား လျစ်လျူရှု ပြန်သွားရလောက်အောင် ဒီလိုအမှားမျိုး နောက်တစ်ကြိမ် ထပ်မရှိစေဖို့။သူတို့သမက်ကို မဆိုးဖို့ ၊နောက် ခင်ပွန်းဝတ္တရား၊လင့်ဝတ္တရားတွေ ကျေပွန်စေဖို့တွေ ပဲ တတွတ်တွတ်လုပ်နေရာ ပြောလိုက်ချင်သည် သူတို့သား ဒီကကောင်ကလည်း ယောကျာ်းတစ်ယောက်၊သူတို့သမက်ရဲ့ လင်ပါပဲလို့။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now