💝M56💝

2.7K 205 54
                                    

Z/

ငစိုင်း
ကိုစည်းတို့ သြစီမသွားခင် ကိုကိုနဲ့အတူတစ်ခါထပ်ဆုံဖြစ်ခဲ့သည်။ကိုလျှံဝေသော်နဲ့သူ ပြေငြိမ်းခဲ့ပြီးဖြစ်သော်လည်း အခုထိ အိပ်ယာထက်လှဲလျောင်းရင်း မနိုးထလာသေးသော ဖူးပွင့်သော်ကိုပါ သူသွားတွေ့ချင်လာခဲ့သည်။ဒါကြောင့် ကိုလျှံဝေသော်သည်လည်း မကန့်ကွက်သည်မို့ ကိုကိုရယ် ကိုစည်းတို့ရယ်နဲ့အတူ ဖူးပွင့်သော်ရှိရာ သူပထမဆုံးအကြိမ် ရောက်လာဖြစ်ခဲ့သည်။

အရင်က ကြွေရုပ်လေးလို လှပ၍ ချစ်စဖွယ် မိန်းကလေးက အခုလည်း အလှမပျက် အိပ်စက်နေသည့်အတိုင်းလှပနေဆဲပင်။ကိုလျှံဝေသော်က သူ့ညီမလေး လက်ကို ဆုပ်ကိုင်ထားကာ......

"ညီမလေး ဒီမှာ ဘယ်သူလာလဲ ထကြည့်ပါအုန်း
ညီမလေး ညီမလေးသိပ်ချစ်ခဲ့တဲ့ သူလေ သူ...သူ...
သူအခု ညီမလေးကို လာတွေ့တာတဲ့ "

ပြင်းပြလွန်းတဲ့ စိတ်ဆန္ဒတွေဆိုသည်ကအင်မတန်ဆန်းကြယ်လွန်းလှ၍ အံသြဖို့ကောင်းလွန်းပါသည်။နှစ်ရှည်လများ အိပ်စက်အနားယူရင်း နိုးထမလာခဲ့သူက သူ့နှလုံးသားထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် တစ်စုံတစ်ဦး
ရောက်လာသည်ဆိုသည့်အသိနဲ့အတူ လျှံ့လက်ခုပ်ထဲမှ လက်ချောင်းလေးတွေ အနည်းငယ်လှုပ်ခတ်လာခဲ့သည်။
ထို့နောက် နားထင်မှမွှေးညှင်းနုလေးတွေထံ မျက်ရည်စီးကြောင်းလေး နှစ်သွယ် လှိမ့်စင်းသွားသည်။လျှံ့ကိုယ်လေးလည်း ဆတ်ခနဲ တောင့်မတ်သွားသလို ငစိုင်းနဲ့ထူးပန်၊ရံစည်းစိမ်သည်လည်း အံသြစွံ့အသွားခဲ့သည်။

နောက် ရံပြေးခေါ်လာသော ဆရာဝန်ကြီးမှ ဖူးပွင့်သော်အား စမ်းသပ်စစ်ဆေးပြီးနောက် လူနာမှာအမှန်တကယ် နားထလာသည်ကြောင့် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ပြောကြားသံမှာ အခန်းထဲရှိ လူအားလုံး၏ နားစည်ထံသို့ ဝင်တစ်ချက်မဝင်တစ်ချက်ဖြစ်နေသည်။တကယ်ပဲ ဖူးပွင့်သော်က ငစိုင်းရောက်လာမည်ကို စောင့်မျှော်နေခဲ့သည်တဲ့လား။

ကောင်းစွာသတိလည်လာပြီးနောက်
လှုပ်ခတ်လာတဲ့ လက်ကလေးတွေက ငစိုင်းဆီ ကမ်းလင့်လာချိန် ငစိုင်း ဘေးနားက ကိုကို့ကို လှည့်ကြည့်မိသည်။ကိုကိုက ခေါင်းလေးညိတ်၍ ခွင့်ပြုခါမှ သူဖူးပွင့်သော်ဘေး ဝင်ထိုင်လိုက်ပြီး သူ့အားကမ်းသော လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။နောက်.....

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now