💝M26💝

3K 291 34
                                    

****Zaw&Uni****
****Zaw&Uni****

ထူးပန်
ကိုက်ခဲနောက်ကျိနေသော ခေါင်းကိုအသာဖိကိုင်ရင်း ကြားနေရသော အသံတစ်ချို့ကိုနားစွင့်လိုက်မိသည်။မောင့်ရဲ့ ရီသံချိုချိုလေး။ သူသိပ်နှစ်သက်မြတ်နိုးရပါသော မောင့်ရဲ့ ရီသံချိုချိုလေးက ဤ တစ်ကြိမ်မှာတော့ သူ့ရင်ကို ခွဲသည့် လက်နက်ချိုချိုလေးတွေဖြစ်နေခဲ့လေပြီ။

"အဟက်ဟက်....ကိုစည်းတော်တော်ကျပ်သွားလား"

"........."

"တောင်းပန်ပါတယ်... ကျွန်တော်ကဒီတိုင်း
ကျီစယ်လိုက်တဲ့သဘောပါ...
ဘာလဲ ကိုစည်းက ဒါကို ငြိုငြင်တယ်ပေါ့လေ"

"............."

"ဟား.....ကိုစည်းရာ
ကျွန်တော့်ကို ပစ်ယုံလိုက်စမ်းပါ
ကျွန်တော်လုပ်သမျှကကိုစည်းကောင်းဖို့ချည်းပဲနော်
ဘာလဲ.....ကျွန်တော့်ကိုမယုံဘူးလား"

"စိတ်ချပါ ကိုစည်းသာကျွန်တော့်ဘက်ရှိနေပေး
တစ်နေ့...ကိုစည်းချစ်တဲ့သူက
ကိုစည်းရင်ခွင်ထဲ အလိုလျောက်ကိုဝင်လာမှာ
အချိန်တစ်ခုလောက်ပဲ စောင့်နေပေး
ကျွန်တော့်ကို ယုံတယ်ဆို...."

".........."

"အား....ကိုစည်းနော်
ကိုစည်းမကောင်းဘူးဗျာ....
တော်ပြီ ကျွနိတော် ကိုစည်းကိုစိတ်ကောက်တယ်
ဒါပဲ....."ဆိုသည့်နောက်မှာ ပျံလွင့်လာတဲ့ရီသံလေးတွေ။မင်း....မင်း..ငါတစ်ယောက်လုံးရှိနေတဲ့အချိန်မှာတောင် ။မင်း...မင်းဘယ်လိုများ လုပ်ရက်နိုင်တာလဲ စိုင်း။

ကုတင်ဘောင်ကိုတင်းတင်းဆုပ်ကိုင်ရင်း
တစ်စစီ ပြန့်ကျဲနေတဲ့ သူ့နှလုံးသားအပိုင်းစများကို ပြန်ဆက်နိုင်ဖို့ အသည်းအသန်လိုက်ရှာမိပေမဲ့။
****************
စိုင်း
အခန်းထဲပြန်ဝင်လာတော့ ကြမ်းပြင်ကိုငေးစိုက်ကြည့်ရင်း ကုတင်ပေါ် ငူငူငိုင်ငိုင်ကြီး ထိုင်နေတဲ့ ကိုကို့အနားသွားကာ....

"ကိုကို နိုးပြီလား
နေရတာသက်သာရဲ့လား ခေါင်းတွေကိုက်နေလား
လန်းသွားအောင် ရေချိုးလိုက်မလား
နေအုန်း မောင်ရေသွားစပ်ပေးမယ်"

တတွတ်တွတ်ပြောနေတဲ့သူ့စကားတွေကို ကိုကိုက
အသက်မပါသော အကြည့်တွေဖြင့်သာ တုန့်ပြန်သည်။အင်း ကိုကို ညကအမူးရှိန်နဲ့ မသက်သာလို့နေမှာပါ။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now