💝M39💝

1.8K 179 53
                                    

Z/

ငစိုင်း
ရုတ်တရတ်အိမ်ကိုပေါက်ချလာသည့် ကိုစည်းကြောင့် အံသြရသည်ကအမှန်ပင်။ဒါ့အပြင် အထုပ်ပိုးတွေနဲ့ရောဆိုတော့ ...။
ဟင်း ဒါက ဒီလိုဖြစ်နိုင်ချေရှိတာက ၈၀%လောက်ရှိမှန်း သူတို့ ခန့်မှန်းမိပြီးသားပင်။သို့သော် ဒီလောက်ရုတ်တရတ်ဆန်ကာမြန်ဆန်လိမ့်မည်ဟုမထင်ထားခဲ့ခြင်းသာဖြစ်သည်။။ဘယ်နှယ့် မနေ့ကပဲ ဖွင့်ပြောတယ် ဒီနေ့အိမ်ပေါ်က ဆင်းရတယ်။ဒါက သူ့တုန်းကလောက်တော့ အခြေနေမဆိုးသေးပေမဲ့ ကောင်းလည်းကောင်းမနေပေ။

"အဲဒီတော့ ကိုစည်းဘာဆက်လုပ်မယ်စိတ်ကူးထားလဲ ကျွန်တော်တို့မန်းလေးပဲပြန်ကြမလား ?
ဒါမှမဟုတ်...."သူ့ရဲ့ ဒါမှမဟုတ်မှာ အားကိုးတကြီးမော့ ကြည့်လာတဲ့ ကိုစည်းပုံစံလေးကြောင့် ငစိုင်းရယ်ချင်မိသွားပေမဲ့ မရယ်ရက်ခဲ့။

"ဒါမှမဟုတ် ကျွန်တော်တို့ ကိုလျှံဝေသော့် ဆီက တုန့်ပြန်ချက်အခြေနေကို စောင့်ရင်း ကိုစည်းမိဘတွေလက်ခံနိုင်လာအောင် ကြိုးစားကြည့်အုန်းမလား?
ဒါက သိပ်တော့မလွယ်၊မဖြစ်နိုင်လောက်ပေမဲ့ လုံးဝမဖြစ်နိုင်တာမျိုးလည်း ဟုတ်မနေဘူးလေ မကြိုးစားကြည့်ဘဲ ရလာဒ်ကို လွယ်လွယ်နဲ့ အရှုံးပေးလက်ခံရမှာ နည်းနည်းတော့ ....ထားပါ ဒီတော့ ကိုစည်း ဘယ်လိုလုပ်ချင်လဲ "

"ကိုယ်ဘယ်လိုလုပ်သင့်လဲ "

"အင်း ကျွန်တော့်အမြင်ကတော့ ဒီထိတောင် ခရီးရောက်လာမှတော့
မထူးတော့ပါဘူး ကျွန်တော်တို့ ကိုလျှံဝေသော့် ဘက်က တုန့်ပြန်မှုကို ခနစောင့်ကြည့်ကြသေးတာပေါ့"သူ့စကားကို ကိုစည်းက ထောက်ခံကာ ခေါင်းငြိမ့်လေသည်။

"ဒါဆို ကိုယ်လောလောဆယ် နေဖို့က ..."

"ကျွန်တော့်အိမ်မှာပဲ နေလိုက်လေ "

"ဟင့်အင် မလုပ်ပါနဲ့ကွာ
ကိုယ်ဟော်တယ်မှာပဲ သွားနေလိုက်ပါ့မယ်
ကိုယ့်ကို ဟော်တယ်တော့ လိုက်ပို့ပေးကိုယ့်မှာ ကားလည်းပါမလာခဲ့ဘူး.."သူ အဲဒီလောက်ထိတော့ မျက်နှာမပြောင်နိုင်ပါ။ဟုတ်သည်လေ ဒီကလေးက သူနဲ့ လျှံ့အချစ်ရေးအတွက် အစစရာရာအကြံပေးကူညီနေခဲ့တာ။သူချစ်ရတဲ့ ယောကျာ်းကိုခနထားကာ မိမိနဲ့လိုက်လာပေးသည်ကပင် အတော်လွန်ကာ အားနာဖို့ကောင်းနေပေပြီ။ဒီကြားထဲ သူ့ခမျာ လျှံ့အမုန်းနဲ့ရန်လိုမှုက ခံရရှာသေးသည်။ဒါကိုတောင် အိမ်ကဆင်းလာင်္ပြး သူ့အိမ်မှာ တက်နေဖို့ဆိုသည်က အင်မတန် မျက်နှာပြောင်လွန်းရာ ကျပေပြီ။သူအဲဒီလောက်ထိတော့ မျက်နှာမပြောင်နိုင် ၊မပြောင်ချင်ပါ။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now