💝M59💝

1.9K 155 12
                                    

Z/

ဒီနေ့က ထူးပန်တို့အိမ်မှာ မနက်ထဲက အလုပ်တွေရှုပ်၊လူတွေရှုပ်နေကြသည်။အကြောင်းမှာ ဒီနေ့က သမီးလေးတွေ ပန်ပန်လေးတို့  ၃နှစ်ပြည့် မွေးနေ့မင်္ဂလာနေ့ရက်လေးမို့ပင်။

သမီးတွေမွေးနေ့အလှူအတွက် မိဘမဲ့ဂေဟာမှာ ငွေပဒေသာပင် သီ၍ တစ်နေ့တာ အာဟာရဒါန ပြုဖို့ပင်ဖြစ်သည်။
သမီးတွေ ၃နှစ်ပြည့်မို့ တစ်ဦးလျှင် သိန်းသုံးဆယ်အနေဖြင့် သိန်း၆၀ မတည်၍ ငွေပဒေသာပင် စိုက်ထူပြီး လစဉ်အတွက် ၁လ ၃သိန်းနှုန်း လှူဒါန်းသွားမည်ဖြစ်သည်။အခုလည်း ဂေဟာမှ ကလေးများအတွက် အသုံးဆောင်၊စာရေးကိရိယာနဲ့ မုန့်တွေ လိုအပ်သည်မရှိအောင် စီစဉ်နေကြရခြင်းဖြစ်သည်။

ရံနဲ့လျှံ ၊ကျော်ကြီး နဲ့ စန္ဒီတို့သည်လည်း မနက်အစော အရုဏ်တက်ကတည်းက ရောက်လာကြပြီး ကူညီလုပ်ကိုင်ပေးနေကြခြင်းဖြစ်သည်။နောက် သူတို့ကလည်း ကလေးတွေအတွက် သီးခြားထည့်ဝင်လှူဒါန်းကြသေးသည်။

ထူးပန်တို့ ဂေဟာကိုရောက်တော့ မနက် ၇နာရီ။ဂေဟာမှာ ကလေးတွေရဲ့ ဘုရားဝတ်ပြု၊ဆုတောင်းသံလေးဝေဆာနေခဲ့သည်။နောက် ထူးပန်တို့ ဂေဟာမှူးနဲ့ ကြီးကြပ်စောင့်ရှောက်သူ အကြီးကဲတွေနဲ့ စကားစမည် ပြောပြီးနောက်  ထမင်းစားဆောင်မှာ နံနက်စာ စားဖို့ နေရာယူထားပြီးကြသော ကလေးတွေဆီ ထွက်လာခဲ့လိုကိသည်။

ငစိုင်း
သူတို့ရောက်တော့ ကလေးတွေက ပန်းကန်လေးတွေကိုင်ပြီး အလှူရှင်တွေကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်း မေတ္တာပို့သနေကြရာ သူ့ရင်ထဲ စိတ်မကောင်းဖြစ်မိသည်ကြောင့် မျက်ရည်လည်ကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြစ်နေသည်။လက်ပေါ်က သမီးကြီး ပန်ဆုလေးကလည်း သူ့ဖေ ကိုတကြည့်ကြည့်နဲ့ ကြည့်နေရာ သူ့ဖေ မျက်ရည်ဝဲကာ ဝမ်းနည်းနေသည်မြင်တော့ သူလေးကပါ ငိုမဲ့မဲ့လေးဖြစ်နေပြီး သူ့ဖေလည်ပင်း သိုင်းဖက်၍ လည်ပင်ကြားထဲ မျက်နှာလေးအပ်ကာ ရှိုက်နေလေပြီ။

ထိုအခါမှ ငစိုင်း သူ့မျက်ရည်တွေကို ကမန်းကတန်း ပြန်သိမ်းပြီး သမီးကြီးကို လည်း ကျောလေးပုတ်၍ နှစ်သိမ့်ပေးရသည်။သမီးငယ် ပန်သုလေးကတော့ ကျော်ကြီးလက်ကိုဆွဲပြီး ထမင်းစားခုံတန်းရှည်လေးအတိုင်း လျှောက်သွား၍ ပါတ်ကြည့်နေပြီး ကလေးတွေကြား မြူးလို့နေသည်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now