💝M3💝

9.4K 552 58
                                    

******Zaw&Uni******

******Zawgyi******

အစလွန်သွားလို့ အိမ်ပြန်ဖို့ကိုသူမနည်းချော့ခဲ့ရသော ဂျစ်လုံးလေးက အိမ်ရောက်သည်အထိ စူပုပ်ပုပ်နဲ့ မကြည်။ဒေါ်တူးက ဒဏ်ရာတွေနဲ့ မောင့်ကို မြင်တော့ ပျာယာခတ်ကာ စိတ်ပူရှာသည်။နောက် မောင့်လက်လေးကို ဆွဲယူပြီး စိတ်မကောင်းဖြစ်နေကာ မျက်ရည်တွေတောင်ဝဲနေရှာပါသည်။ကျွန်တော့် ယောကျာ်းလေးက အဲလိုမျိုး တစ်အိမ်လုံးရဲ့ အသည်းရတနာလေး၊အချစ်ခံလူတန်းစားလေးပါ။ဒါကြောင့်လည်း သူလေးက တစ်နေ့တခြား ပိုဆိုးနွဲ့ကာ ချစ်ပြီးရင်းချစ်နေအောင်ကို ပြုစားနိုင်လွန်းသည်။မေမေနဲ့ ဒေါ်တူး အပေါ်မှာ အချွဲပိုကာ လိမ်မာသလောက် သူ့အပေါ်မှာတော့ ချွဲရုံမက အနိုင်ယူကာ ဆိုးလွန်းသည်။ဒါပေမဲ့လည်း ဒီကကောင်က ဒါလေးကိုပဲအချစ်ပိုနေမိတော့ အဲ့ဆိုးသမျှဂျစ်သမျှလေးကိုပဲ ချစ်ပြီးရင်းချစ်နေမိတာက သိပ်ကိုလှပလွန်း၊ချိုမြိန်လွန်းပါသည့် ဝဋ်ကြွေးတစ်ခု။

သူမောင်နဲ့ဒေါ်တူးကို ပြုံးပြီးရပ်ကြည့်နေမိတာကို
ဒိုင်းခနဲ မျက်စောင်းလှည့်ထိုးကာ နာနေသော ဒူးကိုအသာဖော့ရင်း ထော့နင်းနင်းလေး အပေါ်သွားဖို့ကြိုးစားနေတဲ့အဆိုးလေးကို သူဒီတိုင်းပဲရပ်ကြည့်နေလိုက်သည်။အဲတော့မှ လှေကားရင်းမှာ ဆက်မတက်ပဲ နောက်လှည့်ကြည့်ကာ စူပုပ်နေတာက သူ့ကိုပွေ့ချီခေါ်စေချင်ပါရဲ့ အလိုက်တသိမပွေ့ချီမခေါ်ပေးတဲ့ ကျွန်တော့်ကို သူစိတ်ဆိုးသည်ပေါ့ ။အောက်နှုတ်ခမ်းလေးကိုက်ကာ မာန်တင်းပြီး အပေါ်တက်ဖို့ပြင်တော့မှ သူအနားသွားကာ ပွေ့ချီလိုက်တော့.....
လည်တိုင်ကို အလိုက်တသိသိုင်းခိုရင် ဒဏ်ရာမရှိသော လက်လေးက ကျွန်တော့်နို့သီးကို လိမ်ဆွဲတာကြောင့်
အား....ပါးပါး....နာလိုက်တာများ...အသည်းခိုက်မတက်။သို့သော် သူစိတ်ဆိုးအောင်စနေမိတာက ကျွန်တော်မို့ ဘယ်လောက်နာရပါစေ မငြိုငြင်မိပါ။ခနသာ ရှုံ့မဲ့ရင်း ပြုံးစိစိနဲ့ သူ့ကို ငုံ့မိုးကြည့်တော့ ပွေ့ထားသည့်ကြားမှ မျက်လုံးလေးလှန် နှုတ်ခမ်းကိုက်ကာ ကြည့်ရင်း လည်တိုင်ကို တင်းတင်းဆွဲဖက်ခိုကာ ပုခုံးကိုကိုက်ချလာပြန်သည်။သွားတက်လေးက စူးခနဲ ပေါက်သွားလောက်သည်အထိ နစ်ဝင်လာပြီးမှ....စိတ်ကျေနပ်ကာ လွှတ်ပေးသော ဒီအကောင်ပေါက်လေးက ဘာအကောင်လေးများပါလိမ့်...။ဒီတစ်ခါတော့ သူတကယ်အီစိမ့်သွားသည်မို့ ထပ်မပြုံးရဲ ထပ်မစရဲတော့ပါ။ဟုတ်တယ်လေ နောက်ထပ်ဘာတွေလာအုန်းမယ်က မသိ ပြောရတာက မဟုတ်ဘူးရယ် ။အခန်းထဲ ရောက်တော့ ဆိုဖာပေါ်သာ ချပေးရန် မိန့်လာသူကို မလွန်ဆန်ဝံ့တာမို့ သခင်စိတ်ကျေနပ်စေရန် အလိုကျလုပ်ပေးရသည် ။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now