💝M11💝

4.8K 357 51
                                    


*******Zawgyi*******

ကျော်ကြီး
ရှေ့က အအေးတစ်ခွက်ကုန်သွားသည်အထိ ရင်ထဲမအေးနိုင်။သူ့ရှေ့က လဒလေးကတော့ အေးဆေးသမှ မျက်တောင်လေးတွေစင်းပြီး နှုတ်ခမ်းပါးလေးက ချွန်ထွက်ကာ အအေးကိုအေးဆေး စုပ်သောက်နေပုံက အသည်းတွေယားကာ ကိုင်ဆောင့်ပစ်ချင်စရာ။ဒါကို ဒင်းကလည်း သူ့အကြည့်ကို သတိထားမိဟန်...
လက်ထဲကအအေးကုန်သွားတော့ မျက်လုံးလေးပင့်ကြည့်ကာ မျက်ခုံးလေးတစ်ချက်ပင့်၍.....

"ကဲ ပြောပါအုန်း
ဘာတွေစိတ်ဖောက်ပြီး $ရူးထဖြစ်တာလဲဆိုတာ"ဆိုပြီး နောက်ခုံကိုမှီ လက်ကလေးပိုက်မေးပုံက
ဒီကကောင်ကပဲ အပစ်သားလိုလို ဖြစ်နိုင်ရင် နရင်းနှစ်ချက်လောက် ထအုပ်လိုက်ချင်ပေမဲ့ လူကြားထဲမို့ စိတ်ထိန်းကာ....

[ခွီးးး နင်လုပ်ရဲတာလဲမဟုတ်ပဲနဲ့
နင်ကကြိမ်းသာကြိမ်းပြီး ဟိုကတကယ်စော်စော်သွားတာကို🤣🤣🤣]

"မင်း...
သူ့ကိုသိလား...."

"သိတယ်လေ...."

"ဟင် မင်းလည်းမှတ်မိတယ်ပေါ့...."

"ဘာကိုတုန်း $ရူးရဲ့
ဟိုတစ်နေ့ကမှ သူနဲ့ငါ စက်ဘီးတိုက်မိမလိုဖြစ်ထားတာလေ....ဘယ်လောက်မှမကြာသေးပဲ မမှတ်မိရအောင် ငါ့ကို မင်းလိုဦးနှောက်များမှတ်နေလား ဝက်နာရဲ့ "

"ဟင်....ဘယ်လို"ကျော်ကြီးပုံစံကြောင့် ဖြောင့်တန်းနေတဲ့ ငစိုင်းမျက်ခုံးတန်းလေးတွေ တွန့်ချိုးသွားကာ
မဟုတ်သေးပါဘူး ဒီကောင်ဘာတွေဖြစ်....

"ဘယ်လိုဖြစ်တာလဲ ငါ့ကိုသေသေချာချာပြော"
အလောတကြီးမေးဟန်ကြောင့် ငစိုင်းလည်း ဖြစ်ကြောင်းကုန်စင် သူထိုလူနဲ့တွေ့ဆုံခဲ့ကြပုံကို ပြောပြလိုက်သည်။
ဒီတစ်ခါ မျက်ခုံးတွေတွန့်ချိုးကာ စဉ်းစားခန်းဝင်သွားသူက ကျော်ကြီး ဒီတော့ ငစိုင်းမနေနိုင်တော့ပဲ

"ဟျောင့် မင်းဘာတွေဖြစ်နေတာလဲ
ဘာဖြစ်လို့လဲ ငါ့ကိုပြော...."

"အင်း မင်းမှတ်မိလား"သူ ဆက်ပြောဆိုသည့်သဘောနဲ့ မေးဆတ်ပြတော့ ကျော်ကြီးကပဲ.....

"ဟိုတခါလေ
ငါတို့ကျောင်းမှာ မင်းကိုဝင်တိုက်တဲ့လူလေ..."
ငစိုင်း ထိုလူကိုသေချာမော့မကြည့်ဖြစ်ခဲ့တာမို့ လူကိုမမှတ်မိသော်လဲ ထိုအဖြစ်က ကိုကိုပထမဆုံး သဝန်တိုတာ မြင်ဖူးရခြင်းမို့ သူဘယ်မေ့ပါ့မလဲ....

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now