💝M45💝

2.3K 220 36
                                    

Z/

တစ်ဖက်မှ ရံနဲ့ လျှံသည်လည်း နားလည်မှုတွေအသီးသီးရရှိကာ နှလုံးသားရင်ခွင်ကို အကာကွယ်အတားဆီးမရှိ ဖွင့်လှစ်နိုင်ခဲ့လေပြီ။တစ်ဖက်လူအား မိမိတို့နှလုံးသားထက်အပြည့်ဝနေရာပေးနိုင်ခဲ့သည်။အထူးသဖြင့် လျှံဝေသော် သူချစ်မိသူက ရံဖြစ်နေခဲ့ခြင်းကြောင့် မိမိရွံရှာ မုန်းတီးဘူးသော လူစားတစ်ရပ်ဖြစ်ခဲ့ခြင်းအား ဘာသာလက်ခံနိုင်ခဲ့သည်။$ ခြောက်တွေဟု တွင်တွင်မုန်းတီးခဲ့သူက မိမိကိုယ်တိုင် ထိုသို့သော ချစ်ခြင်းမျိုးနဲ့ ကြုံရစဉ်မှာတော့ ချစ်ခြင်းမေတ္တာမှာ လိင်ခွဲခြား ကွဲပြားခြားနားခြင်းမရှိကြောင်း နားလည်လက်ခံနိုင်ခဲ့သည်။တစ်ချိန် က မှားခဲ့သမျှ အတွေးခေါ်၊အယူဆနဲ့ အာဃာတအငြိုးတွေကြား မိမိကိုယ်တိုင်ဘယ်လောက်တောင် ပိတ်လှောင် မွန်းကြပ်ရသည်လဲ သူနားလည်ခဲ့ရသည်။

ရံ့ကိုယ်ပေါ်က ဒဏ်ရာတွေကြောင့် ပြုမိသမျှ အမှားတွေအတွက် သူတကယ်နောင်တရမိသည်။နောက် ဆုထူးပန်နဲ့ စိုင်းဟိန်းထက်အပေါ် သူမည်သို့တောင်းပန်ရမည်ကိုလည်း မသိတော့ပေ။ဟင်း.....

ရံ
ကြမ်းပြင်ထက်မှာ ထိုင်ချနေရင်းခြေထောက်က ဒဏ်ရာကို ပတ်တီးပြန်စည်းနေစဉ်ကုတင်ထက်မှ လျှံ့ရဲ့ သက်ပြင်းချသံ တိုးဖွဖွကြောင့် အိပ်ယာကိုကျောပေးမှီထားရာမှ နောက်လှည့်ကြည့်လိုက်သည် ။လျှံက ပြတင်းတံခါးအပြင်ဘက် ဆီ ငေးမောရင်း တွေးငေးနေလေသည်။သူ လုပ်လက်စကို အမြန်လက်စသတ်ပြီး အိပ်ယာထက် တွားတက်၍ လျှံ့ဘေးနား ဝင်ထိုင်လိုက်သည်။တစ်ကိုယ်လုံးက နာကျင်နေသောငြား ချစ်ရသူက အနားမှာရှိနေခြင်းကြောင်း နှလုံးသားက ကြည်နူးသိမ့်ခုန်နေလေရာ လျှံ့ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲဖက်ထားမိသည်။နောက် ပျော့အိအိဆံစတွေအား ငုံ့ကိုင်းနမ်းရှိုက်ရင်းမှ....

"ဘာတွေ တွေးနေတာလဲ လျှံ
ကိုယ်အနားမှာ ရှိနေတာတောင် ဘယ်တွေအတွေးလွန်နေရတာလဲကွာ ဟမ်!"

"ငါ နောင်တရနေတာ " ထိုစကားကြောင့် ရံ့နှလုံးသားလေး ထိတ်လန့်သွားကာ မျက်နှာတစ်ချက်ပျက်သွားသည်။

"ဘာ....ဘာကိုနောင်တရတာလဲ "သူ့အသံတို့ သိသာစွာ တုန်ရီသွားဟန်တူပါရဲ့ ။လျှံက သူ့အား မော့ကြည့်လာပြီးမှ နှစ်ခြိုက်စွာ ပြုံး၍ သူ့မေးဖျားကို ဆွဲခါကာ

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now