💝M8💝

5.2K 443 58
                                    

***Zaw&Uni****

****Zawgyi*****

"ကျွီ...."

ရုတ်တရက် လူဆီထိုးဝင်လာတဲ့ စက်ဘီးတစ်စီးကြောင့် ဘရိတ် အုပ်သံအကျယ်ကြီးနဲ့အတူ လန့်ကာ ခုန်ရှောင်လိုက်တဲ့ စိုင်းမှာ ဖင်ထိုင်လဲလျက်ခြေထောက်မျက်သွားရာ"အ..."ခနဲ အော်သံလေးက မတိုးမကျယ်

"ကျွတ်စ် "သေစမ်း စိုင်းဟိန်းထက် မင်းသေလိုက်စမ်း ခုနကမှ ကိုကိုက မည်သည့်ထိခိုက်ရှနာမှုမှ မဖြစ်စေလိုဟု အသေချာကို ပြောသွားကာမှ $ပြသာနာ ကဝင်လာသေးသည်။ ငစိုင်းလဲကျနေရာမှမထ​ဖြစ်သေးဘဲ မိမိကိုယ်ကို တစ်ချက်စစ်စေးကာ လက်မှသဲတွေကိုခါ၍" တောက်စ် "တစ်ချက်ခတ်ကာ တစ်ဘက်လူအား လူတစ်ယောက်လုံးမမြင်ရအောင် $လုံးကန်းနေသလားဟု ​ မော့ကာရန်တွေ့မည်အပြု စပါးကြီး မြွေလို ညို့ချက်ပြင်းသော မျက်ဝန်းတွေနဲ့ ဖြူသောအသားထက် ကျစ်လစ်သန်မာသော ကိုယ်ဟန်အနေထားနဲ့ အတော်ချောသော အင်း အတော့်ကို ချောပါသည့် ကိုလူချောတစ်ယောက်။ထိုလူက မိမိကို စိုးရိမ်မျက်ဝန်းများနဲ့ မထိရဲမကိုင်ရဲ ဖြစ်နေရှာဟန် ကြည့်နေသည်က 'ဘာလဲဟခုနက ရန်တွေ့ဆဲဆိုမည့်စကားတွေ လည်ချောင်းဝတင်တစ်ဆို့ကာ ပျောက်ကွယ်ကုန်သည်က'။သူငေးကိုယ်ငေးနဲ့ ငေးကောင်းနေကြတုန်း ပထမဆုံးသတိဝင်လာသူက စိုင်း

"အဟမ်း... ဟေ့လူ
ရပ်ကြည့်ကောင်းမနေနဲ့ ဒီမှာလာတွဲထူ"ဒီတော့မှ သူ့ကိုပျာပျာသလဲ လာတွဲထူသော ဒီလူကို စိုင်း မြင်ဖူးသလိုလို၊သို့သော် ဘယ်မှာလဲ သူမသိ။ထားပါလေ ဒီရပ်ကွက်ထဲကပဲမို့ မြင်ဖူးတွေ့ဖူးတာ နေမှာပေါ့ ။စိုင်းနာသွားသည့် ခြေထောက်ကို ဖော့ကာ ရပ်ရတော့လူက ယိုင်တိုင်တိုင်။ဒါကို ထိုလူက အလိုတသိထိန်းကိုင်ပေးရှာသည်။စိုင်း မရည်ရွယ်ပဲ ဒင်းကို မျက်စောင်းထိုးကာ လက်ကို ပုပ်ချလိုက်တော့ ထိုလူက အနည်းငယ်တော့ ခပ်အမ်းအမ်းဖြစ်သွားဟန်။နောက်.......

"ညီ အဆင်ပြေရဲ့လား
ရလား....ဟိုဘက်ကူးမလို့လား
ကိုယ်တွဲပို့ပေးရမလား....."

"မလိုပါဘူး ရတယ်
နေပါအုန်း ခဗျားကလူတစ်ယောက်လုံးမမြင်ပဲ
ဝင်တိုးရအောင် ဘာတွေ ငမ်းလာလို့တုန်း
မျက်လုံးကတော့အကောင်းတိုင်းကြီးပါ"

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now