💝M14💝

4.3K 337 32
                                    

******ZawGyi******
စိုင်း
ကျော်ကြီးကို ကိုစည်းဆိုင်သို့ လိုက်ပို့ပေးခဲ့ပြီး အိမ်ကိုပဲ ပြန်လာလိုက်ကာ.....

"ဒေါ်တူး.....ဒီနေ့ဘာဟင်းချက်မှာလဲ...."

"အော်....ဒေါ်တူးကတော့ ငါးလေးပေါင်းမလားလို့ပဲသားရေ.....သားကဘာစားချင်လို့လဲ
ဒေါ်တူးဘာချက်ပေးရမလဲ...."

"ဟင့်အင် ဘာမှရယ်မဟုတ်ပါဘူး
ငါးပေါင်းလဲ အဆင်ပြေသားပဲ....
ကိုကိုက ငါးဆိုချက်ရင်မစားဘူး
ပေါင်းမှစားတာနော်...ဒေါ်တူး...."

"ဟုတ်တယ်....သားထူးပန်က
သားစိုင်းလေးလို မဟုတ်ဘူး
ဟင်း သိပ်ဂျေးများတာ...."

"အယ်....ဒေါ်တူးက ကိုကို့ကိုငြိုငြင်ချင်တာလား"

"မဟုတ်ရပါဘူးတော်....
ဒီတိုင်းပဲ ပြောလိုက်တာပါသားရယ်
သားထူးပန်က မဆုကမွေးထားတယ်ဆိုပေမဲ့
ကလေးထဲက ဒေါ်တူးလက်ထဲပဲကြီးလာတာမို့
ဒေါ်တူးသားနဲ့မခြား ချစ်ရတဲ့ကလေးပါသားရယ်"

"ဒါဆို သားကြတော့ရော..."

"အင်း...သားကြ
ဘယ်လိုပြောရမလဲ ကိုယ့်သားရဲ့အိမ်ထောက်ဖက်ဆိုတော့....ကိုယ့်သားသမက်လိုပဲပေါ့...."

"အဟား....ဒေါ်တူးက အလျှောက်ကောင်းသားပဲ
မဆိုးဘူး...တော်တယ်...."

"ဒါမှ ဒေါ်တူးအထောင်းသက်သာမှာလေကွယ်
မဟုတ်ဘူးလား...."

"အံမယ် ဒေါ်တူးလဲ စကားတွေတော်တော်တတ်"

"ဒါကတော့ ရှေ့ကဆရာလေးက
အသင်ပြကောင်းလို့နဲ့တူပါရဲ့...."
စိုင်း ဒေါ်တူးကို ကူညီလုပ်ကိုင်ပေးနေရင်း စကားတွေဖောင်ဖွဲ့နေတော့ ပျင်းချိန်မရှိ ။ဟင်းတွေလဲကျက်၊အချိုပွဲတွက် ပါပြင်ဆင်ပြီးသွားတော့ ထမင်းချိုင့်ခြင်းလေးဆွဲကာ ဦးလေးကြီးကိုခေါ်၍ကိုကို့ဆီ ထွက်လာခဲ့သည်။သူ ကိုကို့ရုံးခန်းရှိရာ ဆီသာ တန်းတက်လာလိုက်ပြီး.....ရုံးခန်းရောက်တော့ ကိုကိုက ရှိမနေ။ဖုန်းဆက်ကြည့်တော့ လူကြီးမင်းနဲ့တိုးပြန်သည်။ကိုကို့ကို စိတ်မချ၍ အတွင်းရေးမှူးမထားရဘူးဆိုသည့် မိမိစကားကြောင့် လက်ထောက်အတွင်းရေးမှူးမရှိသော ကိုကိုက သူများတွေထက် နှစ်ဆပိုပင်ပန်းရရှာသည်ကို သူသိပေမဲ့....ဇတ်ကားတွေထဲကလို ဇယားတွေရှုပ်ကာ ငြိလာမှာတွေစိုးကြောက်၍ သူကိုကိုပင်ပန်းရတာကို သိပါလျှက် မသိဟန်ဆောင်နေခဲ့ခြင်း။ထမင်းခြင်းလေးကို စတီစားပွဲထက် တင်၍ ကိုကို့အလုပ်စားပွဲဆီ လျှောက်လာတော့ ကွန်ပြူတာမှာကပ်ထားသည့် Noteပိုင်းလေးက

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now