💝M43💝

2.3K 224 33
                                    

Z/

ထူးပန်
မိမိခြေထောက်အား ရုန်းမရအောင်ဖတ်တွယ်၍ ရှိုက်ငိုနေသောမောင့်ကြောင့် သူရုန်းထွက်ချင်သော်ငြား မရုန်းထွက်နိုင်။သူ အားသုံး၍ ရုန်းလို့ရသော်ငြား မောင့်အားကန်မိမှာ၊ထိခိုက်မိမှာ သူစိုးသည်။ခပ်နာနာလေး ရိုက်နှက်၍ အပစ်ပေးလိုက်ချင်သော်ငြား တကယ်လက်တွေ့မှုကား သူမလုပ်ရက်နိုင်။

ကလေးဆိုးလေးလို ရှိုက်၍ငိုနေသောမောင့်အား မြင်နေရခြင်းကပင် သူ့အသည်းတွေ တဆစ်ဆစ်နဲ့မည်အောင် နာကျင်လွန်းလှပြီ။သက်မမော တစ်ချက် ရှိုက်ထုတ်၍ မျက်ဝန်းတွေအား ဖိမှိတ်လိုက်တော့ မျက်ရည်ပူနှစ်သွယ်က ပါးရိုးတစ်လျှောက်စီးဆင်း၍ ကြယ်သီးပြုတ်နေတဲ့ ရင်ဘတ်ဆီဝယ် ခုန်ဆင်းသည်။

"အင့် ....မောင်ကိုကို့ကို လက်မလွှတ်နိုင်ဘူး
ဘယ်တော့မှ...ဘယ်တော့ဘယ်တော့မှ လက်မလွှတ်နိုင်ဘူး "ရှိုက်သံ သဲ့သဲ့လေးနဲ့ မောင့်ရဲ့တီးတိုးစကားတွေက နားထဲဝင်တစ်ချက်၊မဝင်တစ်ချက်ဖြစ်နေသည်။

"ခနလွှတ်ပေး "

"ဟင့်အင်..."

"ဒါဆို ဘယ်အချိန်ထိ
ဒီတိုင်းနေဖို့စိတ်ကူးထားတာလဲ "

"ကိုကို ထွက်မသွားတော့ပါဘူး ဆိုတဲ့ထိ "

ခိုင်ခိုင်မာမာကို အတည်ကြီးပြောလာတဲ့ မောင့်ကြောင့် သူသက်ပြင်းတစ်ချက်ချလိုက်မိပြန်သည်။သေချာတယ် သူတော့မောင့်ကြောင့် အသက်တိုပါလိမ့်အုန်းမည်။

"ကို...ထွက်မသွားဘူး
ဒါကြောင့် ခနလွှတ်ပေး "

"သေချာလား !!" ရုတ်ချည်း မျက်ရည်စတွေနဲ့ ရွှန်းလဲ့ တောက်ပလာတဲ့ မျက်ဝန်းလေးတွေက မျှော်လင့်ခြင်းများတလက်လက်နဲ့ မော့ကာမေးလာသည်။တကယ်ပဲ မောင်ဟာ လူကိုပြုစားလွန်းလှသည်။

"အွင်း !!!"သူ့ အဖြေအဆုံး တင်းကြပ်စွာ ဖက်တွယ်ထားတဲ့ လက်တွေက အနည်းငယ် ပြေလျှော့သွားသည်။လူကပါ နောက်ကို ဖင်လေးဆုတ်၍ သူ့အား တင်ပုလွေခွေထိုင်လျှက်လေး မော့ကြည့်နေပုံက
အား...တကယ်ရူးလောက်တယ်။အသည်းတွေတယားယားနဲ့ အစထဲက ယိုင်လုလုနှလုံးသားက ဒီလူသားလေးထံ ပစ်ကြွေသွားပြန်သည်။ဟား.....သူတကယ်ရူးတော့မှာပဲ။မောင် တကယ်မကောင်းဘူးကွာ။
လူကို အမျိုးမျိုး အဖုံဖုံ ပြုစား၍ အရူးလုပ်လွန်းသည်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now