💝M55💝

2.3K 225 37
                                    

Z/

ထူးပန်
မောင်နဲ့ အဆက်သွယ်မရတာ ၂ရက်မက ၃ရက်လွန်လာလေတော့ သူကုမ္မဏီအလုပ်တွေအကုန် ခြူးလက်ထဲပင် လွှဲခဲ့၊ထားခဲ့၍ ဘန်ကောက်လိုက်လာခဲ့ရသည်။သို့သော် လာသာလာတာ လာမောပါပင် ။မေမေနဲ့ ယောက္ခတွေကို သာတွေ့ရ၍ တီလေးနဲ့မောင်ကတော့ တကယ်ကိုရှိမနေ။

ဝေးလံခေါင်သီသည့်နယ်စပ်ပဲထားပါအုန်း ဘယ်လောက်ပဲ မဖွံ့ဖြိုးသေးသည့်အရပ်ပဲဆိုပါအုန်း ကိုယ်တွေ နိုင်ငံမှာတောင် နယ်စပ်ဒေသအသီးသီး Ph တွေ၊လိုင်းတွေ ရရှိနေပြီပဲ။အခုဟာက.....ကျွတ်စ် အဓိပ္ပါယ်မရှိဘူး .....အဓိပ္ပါယ်က နည်းနည်းလေးမှကိုရှိမနေတာ။သူလိုက်သွားပါမည်ဆိုတော့ ဘယ်အရပ်၊ဘယ်ဒေသရယ်လို့ ဘယ်သူကမှ ရေရေဝယ်ဝယ် မပြောနိုင်ကြ။

မောင်များ၊တီလေးများ မေမေတို့ဆီ ဆက်သွယ်လာလေမလား သူတစ်ရက်လောက်စောင့်နေခဲ့ပါသော်ငြား မည်သည့်အဆက်သွယ်၊မည်သည့်Ph ခေါ်ဆိုမှုမှ ရောက်ရှိမလာ။သူကသာ ဒေါင်ချာစိုင်း ယောက်ယက်ခတ်ကာ ပူလောင်နေရသလောက် မေမေတို့က အေးအေးဆေးဆေး နေနိုင်လွန်းကြသည်မို့ သူပိုအသည်းပေါက်ရသည်။

ငြိမ်းချမ်းသော ဒေသမို့ စိတ်ပူစရာမလိုဘူးသာဆိုတယ် အဲဒီ ငြိမ်းချမ်းနယ်မြေက ဘာလို့ဒီလောက်ထိ Phလိုင်းတောင်မရရှိရလောက်အောင်တောကျနေရပါသည်လဲ။

နောက်ဆုံးတော့ မေမေရော ယောက္ခမတွေကပါ ဇွတ်အတင်းပြန်လွှတ်နေသည်မို့ နောက်ရက်မနက်အစော မှာပင် သူပြန်ခဲ့ရတော့သည် ။မောင့်ကိုတော့ ပြန်လာခါမှ မှတ်လောက်သားလောက်အောင်ကို ကောင်းကောင်းလေးအပစ်ပေးရပါလိမ့်အုန်းမည်။သူကတော့ အဲဒီဒေသမှာ ဘယ်လောက်တောင် ပျော်မွေ့နေလို့ ပြန်မလာနိုင်ရသေးသည်မသိသော်လည်း ဒီလူမှာတော့ နှလုံးသားထဲ ခဲဆွဲထားရသလိုပင် လေးလံပူလောင်လွန်းရသည်မှာ ရူးမတတ်ပါပင်။

တစ်ဖက်က ပိုးသတ်ဆေးနံ့၊ဆေးနံ့ပေါင်းစုံ မွှန်ထူနေတဲ့ ဆေးရုံခန်းလေးဝယ် ဆေးပိုက်တန်းလန်းနဲ့ဖြူဖျော့ဖျော့ ကောင်ငယ်လေးမှာ မျက်ခွံတို့လှုပ်ခတ်၍ နိုးလာခဲ့လေပြီ။

"ဟယ်...သား...သားငယ်လေး နိုးလာပြီ
နန်းရေ...သားလေးနိုးလာပြီ " တီမာ့ရဲ့ ဝမ်းသာအားရ အသိပေးသံအဆုံး TV ထိုင်ကြည့်နေတဲ့ ဖေဖေလည်းနေရာကထလာသလို ရေချိုးခန်းဆီမှ မေမေလည်း ထမိန်ရင်လျားနဲ့ပင်ထွက်လာလေသည်။တီလေးသည်လည်း အသီးလှီးနေရင်းမှ အနားရောက်လာပြီး သူ့အား စမ်းသပ်စစ်ဆေးနေလေသည်။အနီးကပ်စမ်းသပ်စစ်ဆေးစောင့်ရှောက်ပေးနေသည့် အဒေါ်ဆရာဝန်တစ်ယောက်လုံးရှိသည်မို့ သတိရလာသည့်အချိန် ဟိုဆရာဝန်ပြေးခေါ်၊ဒီဆရာဝန်ပြေးခေါ် အထူးပျာယာခတ်နေစရာမလိုပေ။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now