💝ML16💝

3.9K 308 35
                                    

ကျော်ကြီး
ပထမဆုံးအလုပ်စဆင်းသည့်နေ့မှာပင် မိမိကို အစစရာရာ ကူညီသင်ပြ လက်တွဲခေါ်ပေးသော ကိုမျိုးအောင်နဲ့ အတော်လေးပင်ရင်နှီးလာခဲ့ပြီ။နောက် မမြဉ္ဇူ ဦးဆောင်သော အရောင်းဝန်ထမ်းမလေးတွေ တစ်ချို့နဲ့လဲ Break Time မှာ သူအရောတဝင် မိတ်ဖွဲ့နိုင်ခဲ့သည်။ကျော်ကြီး ဆိုသည်မှာ ရူပါက ချူချာပါသော်လဲ စိတ်ထားက ဖြူစင်ကာဖော်ရွေသောသူမို့ ပေါင်းသင်းဆက်ဆံရေးမှာ အတော်လေးပင် ကောင်းမွန်သောသူဖြစ်သည်။

ခုပဲ ကြည့်လေ အလုပ်စဆင်းတာ နေ့မကုန်သေးဘူး
ကိုရံစည်းစိမ်ကလွဲ အားလုံးနဲ့သူ မိတ်ဖွဲ့ကာ ရင်းနှီးလာခဲ့သည်။ဒါ့အပြင် ရံစည်းစိမ်နဲ့ လျှံဝေသော် အကြောင်းပါသူအနည်းငယ် သီတင်းနှိုက်လာနိုင်ခဲ့သည်။

မမြဉ္ဇူရဲ့ ပြောစကားအရဆို......
ဒီဆိုင်လေး စတင်တည်ထောင်ခဲ့တာက တစ်နှစ်ကျော်ကျော် ဝန်းကျင်သာ ရှိသေး၍ အဆောက်ဦးနဲ့နေရာက ရံစည်းစိမ်အပိုင်ဟု ဆိုသည်။အောက်ထပ်ဤမြေညီထပ်က Ph အမျိုးစားပေါင်းများစွာ ခင်းကျင်းပြသ ရောင်းချ၍ မိမိတို့လိုPh ဆော့ဝဲထည့်သူပြင်သူ နည်းပညာပိုင်းနဲ့ဆိုင်ရာ တာဝန်ယူရသူတွေက ဒုတိယထပ်မှာ....။နောက်တတိယထပ်ကတော့ ရံစည်းစိမ်နေသည်။

ခုတော့ လျှံဝေသော် အက်စီးဒင့် ဖြစ်ပြီးနောက်မှာတော့ သူက လျှံဝေသော်တို့အိမ်မှာပင် နေတော့သည်တဲ့။Special Nurse မထားသော လျှံဝေသော် အတွက် ရံစည်းသည်သာ အနီးကပ်လူ တနည်းSpecial Nurseဟု ဆိုသည်။သူတို့နှစ်ဦးရဲ့ FS(Friend Ship)က မိမိနဲ့ငစိုင်းကဲ့သို့ပင် ကလေးဘဝထဲကဟုဆိုသည်။

သို့သော် သူတို့ကြားက ဆက်နွယ်မှုကြိုးလေးက အဖြူရောင်တော့ဟုတ်ဟန်မတူ။
မိမိနဲ့ ငစိုင်းကြားက Fri Ship လို ရိုးရှင်းမှုမရှိသလို။
ထားပါ ဒါက သူတို့ကိစ္စ ကိုယ်တွေနဲ့မဆိုင်။
ကိုယ်တွေနဲ့ ဆိုင်သည်က မဆိုင်ရာကို ဂလိုင်လာခေါက်ချင်နေသော ရံစည်းစိမ် ရဲ့ ငစိုင်းအပေါ်ချည်းကပ်မှု။

တစ်ခုခုကို နားလည်မှုလွဲ နေသည်ဟု ထင်ဆိုရအောင်ကလ ည်း အဲနေ့(စေ့စပ်ပွဲ)ထဲက ဖူးပွင့်သော်ရဲ့ လုပ်ရပ်များကို
ခိုင်မာသော သက်သေအထောက်ထားများနှင့်တစ်ကွ
သူရှုပ်သောအထုပ်ဖြည်ပြထားပြီးသား။နောက် သူတို့ကြုံခဲ့ရသည့် မတော်တဆမှု ဆိုသည်ကလဲ ငစိုင်းက ဖြစ်ပါစေဟူ၍ ကြိုတင်ကြံစည်ထားသည့်အထဲမပါ။သူ့ပယောဂအနည်းငယ်မကင်းပေမဲ့ပေါ့။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now