♦Part 2♦

642 37 0
                                    


♦'Win' လေးဘက်ပြန်သွားရအောင်✨
Drake🔸"Win ရေ!"

ခေါ်သံကြားလို့အိမ်ရှေ့ကို ​လှမ်းကြည့်မိတော့ခြံတံခါးရှေ့မှာရပ်နေတဲ့ 'Drake' ကြောင့် မျက်ရည်တွေကို ကပျာကယာသုတ်ကာ ခြံရှေ့သို့...

Win🔸"Drake! မင်းဘယ်လာတာလဲကွ"

Drake🔸"အော်ဟော မင်းအိမ်ရှေ့ရောက်နေမှတော့ မင်းဆီလာတာပေါ့ Winရဲ့"

(Drake'Mind-ငါထိလိုက်ရင်တောင် ပဲ့သွားမှာကြောက်ရတဲ့ မင်းအသားနုနုလေးတွေကို အရိုက်ခံထားရပြန်ပြီလား 'ယုန်ကလေး'ရာ ခဏလောက်တော့မင်းသည်းခံထားပါ နောက်ကျ မင်းကိုငါနဲ့တူတူနေခိုင်းမှာ..♥)

Win🔸"အေး..ဘာကိစ္စတုန်းကွ"

Drake🔸"ငါ့ကိုအိမ်ထဲတောင်မခေါ်တော့ဘူးလား မင်းကလဲ"

Win🔸"ဟုတ်သားပဲ မေ့သွားလို့ ဟီး လာလာ အိမ်ထဲဝင်"

Win🔸"ကဲ ပြောဘာကိစ္စလဲ?"

Drake🔸"နောက်နှစ်လဆိုရင်ကျောင်းတက်ရတော့မှာနော် ငါနဲ့ကျောင်းတူတူပဲမလား?"

Win🔸"ဟုတ်တယ်လေ...ငါကတော့ ပိုက်ဆံမရှိသေးလို့ ကျောင်းတက်ဖို့ကိုက စဥ်းစားရဦးမယ်ကွာ"

Drake🔸"ငါပြောမဲ့ကိစ္စက မင်းအတွက်ကွက်တိပဲ ငါ့အဒေါ်ဆိုင်မှာအကူလိုတယ်ဆိုလို့ ငါမင်းကိုလာပြောတာ"

Win🔸"တကယ်လား? လစာကရော ဘယ်လောက်လဲ?"

Drake🔸"မ​ပြောတတ်ဘူးဒါပေမဲ့ ငါ့သူငယ်ချင်းဆိုတော့ မင်းကိုသူလစာများများပေးမှာပါ"

Win🔸"မင်းကိုပဲ အားကိုးရတော့မှာပဲ ငါနောက်ကျပြန်ဆပ်ပါ့မယ်ကွာ"

Drake🔸"ရပါတယ် အေးဆေးပေါ့...မင်းအဆင်ပြေမှပေး ဒါနဲ့ မင်းဖားသားကြီးရော?"

Win🔸"သွားပြီလေ..လမ်းထိပ်ကအရက်ဆိုင်ကို သူရှိနေရင် မင်းငါနဲ့တောင်တွေ့ရမှာမဟုတ်ဘူး"

Drake🔸"မင်းအဖေကလဲ နေ့တိုင်းမူးရူးနေတာပဲ နေပါဦး...."

💠Win ဝတ်ထားသည့် ပေါင်တိုဘောင်းဘီလေးက ပေါင်သားဖွေးဖွေးလေးမှာပေါ်နေသည့် နီရဲရဲ ကြိမ်လုံးရာတွေကိုကြည့်ရင်း....

Drake🔸"ဒါ..မင်းအဖေရိုက်ထားပြန်တာလား? 'Win'?"

Win🔸"......."

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now