♦Part 15♦

463 29 0
                                    

[Unicode]
♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                     ♦Part 15♦   

Bright-"လာ 'နှင်း'နောက်ကျနေပြီ ဆိုင်ကယ်ပေါ်တက် ကိုယ်လိုက်ပို့ပေးမယ်"

Win(Rose)-"အင်း.."

🔸'Win(Rose)'လဲ 'Bright'ဆိုင်ကယ်နောက်ကထိုင်လိုက်ရင်း 'Bright'ခါးကိုဖက်လျက် အိမ်သို့ပြန်လာခဲ့သည်။
🔸'Win(Rose)'၏အိမ်ရှေ့ဆိုင်ကယ်ကို ရပ်လိုက်ပြီး

Bright-"နှင်း' အိမ်ရောက်ပြီ"

Bright-"နှင်း!,နှင်း!"

🔸'Win(Rose)'ကိုအိမ်ရောက်ပြီလို့ပြောပေမဲ့ 'Win(Rose)'ဘက်ကတုံ့ပြန်မှုမရှိတာကြောင့် 'Bright'အနောက်ကိုဖြေးဖြေး လှည့်ကြည့်လိုက်တော့ သူ့ကျောပြင်မှာမှီကာအိပ်ပျော် နေသည့်ကောင်မလေး...."

🔸စင်းကျနေသည့် မျက်တောင်ရှည်များနှင့် ဆေးအကူမပါပဲ လှပနေသောမျက်နှာတွင် ပါးမို့မို့နှစ်ဘက်မှာ အနည်းငယ်နီလျက်ရှိနေသည် ရာသီဥတုအေးလို့ထင်ပါရဲ့...။

🔸အတန်ကြာငေးကြည့်ပြီးနောက် 'Bright'လဲဆိုင်ကယ်မှ ဖြေးဖြေးထကာ 'Win(Rose)'၏ခေါင်းလေးကိုအသာထိန်းကိုင်လိုက်ပြီး 'Win(Rose)'၏ကိုယ်လေးအား ပွေ့ချီလိုက်သည်။

🔸ခဏနေတော့ 'Win(Rose)'ရုတ်တရက်အသားတွေတုန်လာသည်ကို 'Bright'သတိထားမိတာကြောင့် အိမ်ပေါ်သို့အမြန်ပို့လိုက်သည်။

Drake-"Bright!' မင်းဒီကိုဘာလာလုပ်တာလဲ? 'နှင်း' 'နှင်း'ဘာဖြစ်တာလဲ?"

Nann-"ဟင် 'နှင်း'ဘာဖြစ်တာလဲ?"

Bright-"ငါလဲမသိဘူး သူတစ်ခုခုကိုကြောက်နေသလိုပဲ တုန်ပြီးအဖျားတွေတက်နေတယ် သူ့အခန်းကဘယ်မှာလဲ?"

Drake-"မလိုဘူးငါပို့လိုက်မယ်..."

🔸'Bright'ရင်ခွင်ထဲမှ 'Win(Rose)'ကို'Drake'ယူကာချီရန်ပြင်တော့ 'Bright'ကခြေတစ်လှမ်းနောက်ဆုတ်ကာ

Bright-"Drake!' 'နှင်း'နေမကောင်းဘူး အခုချိန်ကဘယ်သူပို့တာကအဓိကမဟုတ်ဘူး အဓိကကသူအမြန်အနားယူရဖို့.."

Nann-"P'Drake' 'P'Bright'ပြောတာမှန်တယ် အမြန်အခန်းထဲသာပို့ရမှာ"

Drake-"မင်းကိုငါမယုံဘူး ငါအခုချက်ချင်းတက်လာခဲ့မယ် သူ့အခန်းက အပေါ်ထပ်ကိုတက်ပြီးရင်ဒုတိယအခန်း"

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now