♦Part 24♦

594 29 0
                                    

Unicode✨

  ♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                     ♦Part 24♦ 

Bright-"တိတ်တော့နော်...စိတ်ငြိမ်အောင်ရေလေးသောက်လိုက်"

Win-"အင်းး ကျွန်တော်အဆင်ပြေပါပြီ အဲ့လောက်မမူးပါဘူး နည်းနည်းလန့်သွားရုံပါ"

Bright-"ခု..ခုနားက ကိစ္စကလေ"

Win-"မပြောပါနဲ့တော့ အပြောင်းအလဲဖြစ်အောင်မပြန်ခင် Truth Or Dare Game ဆော့​ကြမယ်"

Bright-"ဘယ်လိုမျိုးလဲ?"

Win-"အစ်ကိုနဲ့ကျွန်တော်တစ်ယောက်အကြောင်းတစ်ယောက်သိအောင်ပေါ့ ဥပမာ ကျွန်တော်ကအစ်ကိုမေးခွန်းတစ်ခုခုမေးလို့ Truth or Dareလို့ရွေးခိုင်းရင် Truth လို့ရွေးရင်အမှန်ပြောရမှာ ပြီးတော့အဲ့အမှန်ကိုမပြောချင်လို့ Dare ကို​ရွေးရင်တော့အစ်ကိုခိုင်းတာကိုကျွန်တော်လုပ်ရမှာ"

Bright-"အဲ့လိုကိုး ကိုယ်နားလည်ပြီကိုယ့်မှာ မင်းအကြောင်းမေးစရာတွေတစ်ပုံကြီးရှိတယ်"

Win-"ဒါနဲ့အမှန်ဆို ကျွန်တော်ကအစ်ကို့ထက်သုံးရက်ပဲငယ်တာပါ အစ်ကိုတွေညီတွေမလိုဘူး ဒါပေမဲ့ကျွန်တော်ကခေါ်ချင်လို့ခေါ်တာ ကျွန်တော်အစ်ကို့ကိုတခြားခေါ်ချင်တဲ့နာမ်စားလေးတစ်ခုရှိသေးတယ်"

Bright-"အဲ့ဒါက?"

Win-"လျှို့ဝှက်ချက်"

Bright-"လာနောက်နေတာလားကွာ သိချင်ပါတယ်ဆိုနေ"

Win-"ခစ်စခ် သိချင်ရင်ဆော့မယ်"

Bright-"ဒါဆို အစ်ကိုမေးမယ် မင်းအရင်ကကိုယ့်ကိုကြွေခဲ့ဖူးလား?"

Win-"အာ..မသိဘူး"

Bright-"အဲ့လိုလား အဲ့ဒါဆိုကိုယ့်အလှည့်လဲမဖြေတော့ဘူး"

Win-"​ဖြေပါ့မယ်ဖြေပါ့မယ်"

Bright-"အဖြေက?"

Win-"အင်း"

Bright-"ကြွေခဲ့ဖူးတယ်ပေါ့ ဘယ်တုန်းကစကြွေခဲ့တာလဲ?"

Win-"ဟိုးး အစ်ကိုတစ်ကြိမ်မှာမေးခွန်းတစ်ခုပဲမေးခွင့်ရှိတာ"

Bright-"Okay.."

Win-"ကျွန်တော့်အလှည့် အစ်ကို့အတွက်အရမ်းချစ်ရတဲ့သူကဘယ်သူလဲTruth or Dare?"

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now