♦Part 32♦

588 28 0
                                    

Unicode✨

   ♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                  ♦Part 32(End)♦

Win-"P'Bright! ကျွန်တော့်ကိုလွှတ်ပါဦး..ဘာဖြစ်လို့လဲဟင်ကျွန်တော့်ကို စိတ်ပူသွားလို့လား?"

Bright-"ဟုတ်တယ်..ကိုယ်မင်းကိုအရမ်းစိတ်ပူနေတာ နောက်ခါကျရင် မင်းတို့ကို ကိုယ်အရင်ကထက်သေချာဂရုစိုက်ရမယ်"

🔸'Win'လဲ 'မင်းတို့'ဆိုသည့်စကားကြောင့် ဘေးဘီမျက်လုံးဝေ့ရှာမိသည်။သို့သော် 'Bright'အပြင်တခြားတစ်ယောက်မှမတွေ့တာကြောင့် 'Bright'အားပြန်ကြည့်ကာ မျက်ခုံးပင့်လျက် သံယောင်ရေရွတ်လိုက်သည်။

Win-"မင်းတို့?"

Bright-"ဟုတ်တယ်လေ ချာတိတ်ရဲ့'မင်းတို့'"

Win-"ဒီမှာကျွန်တော်တစ်ယောက်ထဲလေ P'Bright' ကျွန်တော့်ကိုကြောက်အောင်မလုပ်နဲ့နော် ကျွန်တော်သရဲကြောက်တယ်.."

Bright-"ဟားဟား ဒီချာတိတ်လေးနဲ့ကတော့တကယ်ပါပဲ..ကိုယ်ပြောတဲ့မင်းတို့ဆိုတာက မင်းရယ်ပြီးတော့..."

🔸'Bright'ကသိချင်လွန်း၍ပြူးကျယ်နေသည့် မျက်ဝန်းကလေးများမှ အကြည့်ဖယ်ခွာလိုက်ရင်း 'Win'၏ဗိုက်ကလေးကိုစိုက်ကြည့်ကာ လက်ကလေးတင်လိုက်ပြီး

Bright-"ကိုယ်တို့ရဲ့ရင်သွေးလေး.."

Win-"အော် ရင်သွေးလေးလား?"

🔸'Win'ကမအံ့သြဟန်ပေါက်နေပြီးခဏကြာမှ'Bright'စကားကိုသဘောပေါက်ကာကုတင်မှာထလျက်ဗိုက်ကလေးကိုလေးပွတ်သပ်ရင်းထအော်​ေ ​တော့သည်။

Win-"ဟမ်မ်...ရင်သွေးလေး ရင်သွေးလေးဆိုတာ ကျွန်တော့်ရင်သွေးလေးလား မဟုတ်ဘူး အစ်ကို့ရင်သွေးလေးလား မဟုတ်ရင်.."

🔸'Bright'လဲ ကုတင်ပေါ်မတ်တပ်ရပ်ကာယောက်ယက်ခက်နေသည့်ကလေးငယ်အား လက်ကောက်ဝတ်ကလေးမှအသာဆွဲချကာ ထိုချစ်စရာအကောင်ငယ်လေးအားရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

Bright-"ကိုယ်တို့ရဲ့ရင်သွေးလေးပါ ချာတိတ်..ကိုယ်နဲ့မင်းရဲ့ ရင် သွေး လေး.."

🔸'Win'၏နားနားကပ်ကာ တီးတိုးပြောလိုက်သည့်'ရင်သွေးလေး'ဆိုသည့် စကားကြောင့် 'Win'မှာဝမ်းသာလွန်း၍မျက်ရည်များပင်ရစ်ဝိုင်းလာရသည်။'Bright'ဖက်ထားရင်းကနေ တသိမ့်သိမ့်တုန်ကာဝမ်းသာရင်း ငိုနေသည့် ကလေးငယ်အား ပိုတင်းကျပ်စွာဖက်ထားပေးလိုက်ပြီး...

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now