♦Part 11♦

463 30 0
                                    

[Unicode]♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                     ♦Part 11♦   

Win(Rose)-"ဘယ်သူရှိရမှာလဲ ကျွန်မနာမည် 'နှင်းဆီ'လေ"

Bright-"ဒါပေမဲ့ မင်းကဘာလို့ငါ့ရဲ့ချာတိတ်နဲ့တူနေရတာလဲ မင်းကဘာလဲ? သူနဲ့တူအောင်သရုပ်ဆောင်ပြီးငါ့ကိုချဉ်းကပ်နေတာလား?"

Win(Rose)-"ဘာလို့သရုပ်ဆောင်ရမှာလဲ သူနဲ့တူအောင်သရုပ်ဆောင်ပြီးချဉ်းကပ် ရအောင် P'Bright'နဲ့သူက သိပ်ရင်းနှီးခဲ့လို့လား?"

🌞 သူနဲ့ကျွန်တော်က ရင်းနှီးခဲ့တာလား ခင်မင်ရုံသက်သက်လား ဒါမှမဟုတ် သူ့အပေါ်မှာ ကျွန်တော့်ခံစားချက်တစ်ခုခုငြိတွယ်နေခဲ့တာလား? ကျွန်တော်ဘာဖြေရမလဲ မသိတော့ဘူး...

Win(Rose)-"ဖြေလေ"

🌞"Win...Winကိုငါမချစ်ဘူး...ဒါပေမဲ့ဘာလို့'နှင်း'ဆီမှာသူ့အပြုအမူတွေကိုမြင်နေရတာလဲ ငါစိတ်ထင်နေတာလား? ငါအဲ့လောက်ထိ 'Win'ကိုစွဲလမ်းနေမိပြီလား....!

Bright-"ပြန်ရအောင်..."

🐰တိုးဝင်သွားသည့်သူ့အသံကတစ်စုံတစ်ရာကိုစိတ်ခုနေပုံပေါက်သည်။သို့သော်လဲထိုစိတ်ခုသွားမှုက ကျွန်တော်မှန်းP'Bright စစ်မမေးမိအောင် အာရုံလွှဲလိုက်သလိုဖြစ်သွားတာကြောင့် ကျေးဇူးတင်ရမည်။

Win(Rose)-"ပြန်မယ်..."

🔸တဖြေးဖြေးတစ်လမ်းလုံး စကားမပြောပဲလာခဲ့ကြသည်မှာ 'Drake'တို့အိမ်ရှေ့ရောက်သည်အထိ ကိုယ့်အတွေးနဲ့ကိုယ်နယ်ချဲ့နေရင်း 'Drake'တို့အိမ်ရှေ့ရောက်တာတောင် သတိမပြုမိဖြစ်နေရသည်။

🔸အိမ်ဝနားထိပို့ပေးခဲ့ရင်း အိမ်မှာထားခဲ့သည့် ဆိုင်ကယ်ကိုမောင်းပြန်ရန်ပြင်နေသည့် P'Brightကိုမြင်တော့

Win(Rose)-"တာ့တာ P'Bright!"

Bright-"ဘာကို 'တာ့တာ'လဲ? ကလေးဆန်လိုက်တာ"

Win(Rose)-"ဟွန့် P'Brightကအဲ့လိုချည်းပဲ"

🐰စိတ်ထဲကရေရွတ်လိုက်ပြီးနောက် ဆိုင်ကယ်မောင်းထွက်သံနှင့်အတူ တဖြေးဖြေးထွက်ခွာသွားသည့် P'Bright'ရဲ့ကျောပြင်လေး....❣

🔸သူက 'Win'ဆိုတာကိုမိတော့မလိုဖြစ်ခဲ့တဲ့အကြောင်းပြောရန် အိမ်ထဲပြေးဝင်ကာ 'Nann'အခန်းထဲဝင်သွားတော့သည်။

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Donde viven las historias. Descúbrelo ahora