♦Part 12♦

460 31 1
                                    

[Unicode]
♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                   ♦Part 12♦

Bright-"Plare' မင်းလုပ်ရပ်တွေရပ်တန်းကရပ်လိုက်တော့ ငါပြောပြီးသားပဲ 'နှင်း'က ငါ့လူလို့"

Win(Rose)-"......"

Bright-"လာ 'နှင်း'ကိုယ့်နောက်လိုက်ခဲ့"

Win(Rose)-"ဘယ်သွားမလို့လဲ ကျောင်းတက်ခေါင်းလောင်းထိုးတော့မယ်လေ"

Bright-"လာပါ.."

🔸'Bright'ဆွဲခေါ်သွားသည့်နောက် လိုက်ပါသွားသည့် 'Win(Rose)'ကိုကြည့်ကာ 'Plare'ဒေါသတို့ပေါက်ကွဲထွက်လာကာ အခြေအနေကိုမယုံကြည်နိုင်ဖြစ်နေရသည်။

Plare-"ဒါ ဒါကဘယ်လိုဖြစ်ရတာလဲ?"

Nann-"နင့်ကိုပစ်ချသွားတာလေ မမြင်ဘူးလား မျက်စိပါကန်းသွားတာတော့မဟုတ်ပါဘူးနော် ဟားဟား"

Plare-"နင်....!"

Nann-"ဘာလဲ ငါပြောတာမှားလို့လား"

Plare-"အားးးးး 'Jane'လာပြန်မယ်"

Jane-"Okok"

Nann-"ဟားဟား"

🔸'Bright'က'Win(Rose)'ကိုကျောင်း၏ခေါင်မိုးထပ်ရှိသည့်နေရာသို့ခေါ်လာပြီး

Win(Rose)-"ခဏခဏ'နှင်း'ကို P'Bright'လူ ပါလို့ဘာလို့လျှောက်ပြောနေရတာလဲ?"

Bright-"ကိုယ်မင်းကိုချစ်လို့လေ.."

Win(Rose)-"ဟ..ဟမ်"

Bright-"နှင်း'က ကိုယ်'နှင်း'ကို ကိုယ့်လူပါလို့ခေါ်တာကိုမကြိုက်ဘူးမလား? အဲ့ဒါကြောင့် ကိုယ့်လူလုပ်လိုက်လေ ဒါဆိုကိုယ်ခေါ်နေစရာမလိုတော့ဘူးဒါကြောင့် မင်းကိုယ့်လူအဖြစ်နေမလား?"

(🍀ရည်းစားစကားပြောတာကြီးကလဲ ဂေါ်လိုက်တာ😆♥)

Win(Rose)-"အာ P'Bright'ဒီအပေါ်မှာပူလာတယ်မထင်ဘူးလား? 'နှင်း'မနေချင်တော့ဘူးအောက်ပြန်ဆင်းတော့မယ်နော် တာ့တာ"

🔸'Bright'စကားကိုမသိချင်ယောင်ဆောင်ကာ ဆင်းရန်ပြင်နေသည့် 'Win(Rose)'၏လက်ကိုဆွဲယူကာ 'Win(Rose)'အား ရင်ခွင်ထဲဆွဲထည့်လိုက် သည့်သူ...

Win(Rose)-"အာ..P' P'Bright! 'နှင်း'ကိုလွှတ်ပါ P'Bright!"

Bright-"မလွှတ်ဘူး"

Win(Rose)-"P'Bright!!"

🔸စိတ်ဆိုးကာ ရင်ခွင်ထဲကနေ လက်သီးသေးသေးလေးများဖြင့် ရင်ဘတ်ကိုထုရိုက်နေသော ကောင်မလေးကို သိပ်ချစ်ဖို့ကောင်းသလိုမြင်မိသည်။

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now