♦Part 18♦

451 29 0
                                    

[Unicode]
  ♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                     ♦Part 18♦   

Win(Rose)-"P'Bright! ကျွန်တော့်ကိုကယ်ပါဦးးးးး"

🔸နောက်ဆုံးတစ်ကြိမ်အော်ဟစ်ပြီးချိန်​ 'Win(Rose)'မှာ ခေါင်းတရိပ်ရိပ်မူးလာကာ မျက်လုံးစုံမမှိတ်ကျခင် လူတစ်ယောက်တံခါးကို 'ဒုန်းခနဲ' ကန်ကျောက်သံကိုတော့ကြားခဲ့ပေမဲ့ နောက်ဆုံးမြင်ရသည်က အမှောင်ထုသက်သက်သာ...။

⚡Flash back..

🔸'Bright'လဲ 'Win(Rose)'ကိုဆွဲခေါ်ကာ 'Nann'နှင့်အတူကားပေါ်တက်သွားသည့် 'Drake'၏ကား​နောက်သို့ ဆိုင်ကယ်ဖြင့်ကပ်လိုက်လာခဲ့သည်။'Win(Rose)'တို့သုံးယောက်လုံး အိမ်ထဲဝင်သွားသည်ကိုမြင်လိုက်ရပြီး မကြာမီအပြင်သို့ပြေးထွက်လာသည့် 'Win(Rose)'ကိုကြည့်ကာ 'Bright'မှာစိတ်ပူနေရ၏..။

🔸'Taxi'တစ်စီးကိုချက်ချင်းတားကာ ထွက်သွားသည့်သူမ,သူမနောက်ကိုလိုက်ရန်ပြင်နေတုန်း အိမ်ထဲမှပြေးလွှားထွက်လာသည့် 'Nann'ကိုတွေ့တော့

Bright-"Nann,'နှင်း'နောက်ကိုလိုက်မလို့လား?"

Nann-"ဟုတ်တယ် P'Bright'ရောပဲမလား လာသွားရအောင်မြန်မြန်"

Bright-"နေပါဦး ဘယ်ကိုသွားရမှာလဲ?"

Nann-"အကို့ EXကြီး 'Plare'ရဲ့အိမ်"

Bright-"နှင်း'ကအဲ့ဒီကိုဘာလုပ်ဖို့သွားရတာလဲ?"

Nann-"Plare'ကသူ့မွေးနေ့ဆိုပြီးတော့လာဖိတ်တာလေ P'Bright'ကိုလဲဖိတ်ထားပြီးပြီဆိုပဲ P'Bright' လဲလာမှာမို့လို့ 'နှင်း'လာတာပေါ့ မဟုတ်ရင် 'နှင်း'လာမှာမဟုတ်ဘူး"

Bright-"'နှင်း'ကဘာလို့P'ဆီဖုန်းဆက်မမေးပဲဒီတိုင်းသွားရတာလဲ?

Nann-"ဘာလို့ဆို သူP'Bright'ကိုချစ်လို့လေ P'Bright'ကိုအဆုံးရှုံးမခံချင်လို့.."

Bright-"ဒါသာ တကယ် 'Plare'ရဲ့အစီအစဥ်သာဖြစ်နေတယ်ဆိုရင် လွယ်လွယ်နဲ့သူ့ကိုလွှတ်ပေးမှာမဟုတ်ဘူး"

Nann-"ဒါဆိုအမြန်မောင်း!"

Bright-"မောင်းနေပါတယ်"

At the Party🎊🎊
Other-"ရေးးး ပျော်စရာပါတီပဲ"

🔸 မွေးနေ့ပါတီလေးတစ်ခုပေမဲ့ ရှိနေသည့်လူများကတော့မနည်းလှပေ။ဆိုင်းသံမြူးမြူးကြားခုန်ပေါက်နေကြသောသူများ စကားပြောနေကြသူများ မူးနေသူများစုံနေ၏။ဆောင်းဘောက်စ်အနားတွင်ရပ်နေသော 'Plare'ကိုတွေ့တော့ 'Bright'လှမ်းခေါ်လိုက်သည်။

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now