♦Part 22♦

616 49 2
                                    

♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                     ♦Part 22♦   

🔸ရင်ခွင်ထဲတွင်ငြိမ်ကျသွားသည့် သူ့ရဲ့ချာတိတ်လေးအား အိပ်ရာထဲပြန်အိပ်ခိုင်းကာ စောင်ခြုံပေးလိုက်သည်။'Win'ရဲ့နဖူးလေးကိုစမ်းရင်း

Bright-"တစ်ကိုယ်လုံးလဲပူကျစ်နေတာပဲ ရေပတ်တိုက်ပေးဦးမှ.."

🔸'Bright'လဲရေပတ်တိုက်ဖို့အဝတ်သွားယူရင်း ဆန်ပြုတ်ကလေးလဲပြုတ်လာခဲ့သည်။ဆန်ပြုတ်ပန်းကန်ကိုအသာချကာ ရေပတ်အရင်တိုက်ပေးနေတုန်း..

Win-"P'Bright!"

Bright-"နိုးပြီလား 'ချာတိတ်'?"

🔸'Win'လဲအိပ်ရာမှထထိုင်လိုက်ကာ 'Bright'ကိုမျက်မှောင်ကုတ်လျက်ကြည့်လိုက်ပြီး

Win-"P'Bright'ဒီမှာဘာလုပ်နေတာလဲ?"

Bright-"ကိုယ်မင်းကိုဂရုစိုက်နေတာလေ"

Win-"မလိုဘူး P'Bright' ကျွန်တော့်အခန်းထဲကချက်ချင်းထွက်သွား!"

Bright-"မသွားဘူး"

Win-"ရတယ် P'မသွားရင်ကျွန်တော်သွားမယ်"

🔸ပြောရင်း ကုတင်ပေါ်ကဆင်းရန်ပြင်နေသည့် 'Win'ရဲ့လက်ကို'Bright' လှမ်းဆွဲလိုက်ပြီး 'Win'ကိုဖက်ထားလိုက်သည်။

Bright-"ကိုယ် တောင်းပန်ပါတယ် 'ချာတိတ်'ရယ်"

Win-"ကျွန်တော့်ကိုလွှတ် ကျွန်တော်က P'ဂရုစိုက်ချင်မှလာဂရုစိုက်လို့ရတဲ့သူမျိုးမဟုတ်ဘူး"

Bright-"နောက်ဆုံးအနေနဲ့ ဒီတစ်ညပဲမင်းအဖျားတွေကြီးနေလို့ ကိုယ်မင်းကိုဂရုစိုက်ပါရစေ ဒီတစ်ညလေးပဲကိုယ့်ကိုဂရုစိုက်ခွင့်ပေးပါနော် ပြီးရင်..ပြီးရင် မင်းကိုယ့်ကိုမုန်းလို့ရပါတယ် 'ချာတိတ်'"

Win-"ကတိပေးရမယ်နော် ဒီညပြီးရင်ကျွန်တော့်ကိုလာမရှုပ်ဖို့"

Bright-"ကတိကိုတော့ ကိုယ်မတည်ပါရစေနဲ့ ကိုယ်ဆိုတာ မင်းအတွက်ဖြစ်တည်လာတာပါ 'ချာတိတ်'ကိုယ့်ကိုဘယ်လောက်ပဲမုန်းသည်ဖြစ်စေ မင်းအနားမှာပဲကိုယ်ကပ်တွယ်နေမှာ"

Win-"အပိုတွေမပြောပါနဲ့ ကျွန်တော်နားတော့မယ် ကျွန်တော့်ကိုလွှတ်"

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now