♦Part 14♦

426 28 0
                                    

[Unicode]
♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                     ♦Part 14♦   

Win's Mind-"နှင်း'ကိုကျွန်တော်တကယ်အားကျတယ် P'Bright'သိပ်ချစ်တဲ့ကောင်မလေးဖြစ်နေလို့..."

🔸'Bright'လဲအထိုးခံရလို့နာနေသည့်ဗိုက်ကိုဖိကာ 'Win(Rose)'ကိုဆွဲထူလိုက်ပြီး ဆေးခန်းသို့လိုက်ပို့ခဲ့သည်။

🔸ဆိုင်ကယ်အရှိန်ကြောင့် လေတဖြူးဖြူးတိုက်နေသည့်အချိန် P'Bright' နောက်မှဖက်ကာလိုက်ရသော ဤအခိုက်အတန့်ကိုကား မေ့ပစ်၍ရမည်မဟုတ်....သူ့ကျောပြင်ကိုမှီရင်းမကြာမီ ဆေးခန်းသို့ရောက်လာခဲ့သည်။

At Clinic...🏠
(Clinic ဆိုပေမဲ့ ဆေးခန်းနည်းနည်းကြီးကြီးပါနော်🙆♥)

🔸ကိုယ့်အနာကိုကိုယ်ဂရုမစိုက်ပဲ 'နှင်း'ကိုသာစိတ်ပူနေသည့်သူ့ကြောင့် 'Win'ရင်နာရသည်။တကယ်လို့ကျွန်တော်သာယောင်္ကျားလေးမှန်းသိသွားခဲ့ရင် P'ကျွန်တော့်ကိုဒီလိုစိတ်ပူပါဦးမလား?....

Bright-"နှင်း'ဒီကိုလာ ဒီကုတင်ပေါ်မှာခဏထိုင်နေကိုယ်ဆရာဝန်ခေါ်လာခဲ့မယ်"

Win(Rose)-"ဆရာဝန်ခေါ်ဖို့မလိုပါဘူး P'ရယ်"

Bright-"ဘာလို့မလိုရမှာလဲ? ဒဏ်ရာရထားတယ်မဟုတ်လား?"

Win(Rose)-"တကယ်အများဒဏ်ရာရထားတာက P'လေ"

Bright-"ကိုယ်ကဘာမှမဖြစ်....အာ့"

🔸'Bright'စကားမဆုံးခင်'Win(Rose)'က 'Bright'၏ဗိုက်ကိုလက်လေးနှင့်အသာဖိလိုက်တော့ ဘာမှမဖြစ်ဘူးဆိုသည့်ကိုယ်တော်ချောက နာသည့်ပုံစံပေါ်လာသည်။

Win(Rose)-"ပြောတော့ဘာမှမဖြစ်ဘူးဆို လာ P'သာဒီမှာထိုင်နေ ဆရာဝန်သွားခေါ်လိုက်မယ်"

Bright-"...."

🔸'Win(Rose)'ဆီမှာအငိုက်မိသွားတာကြောင့် ရှက်သွားတယ်ထင်ပါရဲ့..။ခေါင်းပင်မဖော်တော့။'Bright'၏ချစ်ဖို့ကောင်းနေသည့်ရှက်နေသောပုံစံလေးကိုရယ်ချင်ပေမဲ့လဲ ညိုမည်းစွဲနေသောသူ့မျက်နှာပေါ်ကဒဏ်ရာများကိုမြင်လျှင် စိတ်ထဲအလိုလိုဝမ်းနည်းရသည်...။

🔸ဆေးခန်းရှိ counter(ကောင်တာ)မှ nurseမှတစ်ဆင့် ဆရာဝန်ကိုခေါ်လိုက်ပြီး နောက်အခန်းသို့ပြန်သွားခဲ့သည်။

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Où les histoires vivent. Découvrez maintenant