♦Part 20♦

551 37 1
                                    

[Unicode]
  ♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                     ♦Part 20♦   

🌧
🔸တဖြောက်ဖြောက်ရွာနေသည့်မိုးစက်တွေအောက်ကျွန်တော့်အဝတ်အစားများလဲ စိုရွဲကာ ကပိုကရိုဖြစ်လို့နေသည်။ပုံမှန်လူတွေအတွက်P'Bright ကျွန်တော့်အပေါ်ဒီလိုဆက်ဆံတဲ့အခြေအနေဟာဘာမှမဟုတ်လောက်ပေမဲ့ ကျွန်တော့်အတွက်ကတော့ နာကျင်လွန်းနေသည်မှာ အေးလွန်းလို့မေးတဆတ်ဆတ်ရိုက်ခတ်နေတာကိုတောင် သတိမထားမိအောင်ဖြစ်လို့နေသည်။

Win-"P'Bright'က ကျွန်တော့်ကိုမချစ်တော့ဘူးလား? P'Bright'အတွက် မိန်းကလေးလိုနေပေးနေတာတောင်အစ်ကိုက ကျွန်တော့်ကိုမချစ်ဘူး..မထင်ထားဘူး ကျွန်တော်အဲ့လောက်ထိ အချစ်ကံခေလိမ့်မယ်လို့...."

🔸မိုးရေများနှင့်ရွှဲစိုနေသည့် လမ်းမပေါ် ခွေခွေလေးထိုင်ချရင်း ရုတ်တရက် မိုးစက်များက ကျွန်တော်ထိုင်နေသည့်နေရာတစ်ကွက်တွင်ဆက်မရွာတော့ တခြားနေရာများတွင်သာရွာနေတာကြောင့် ကောင်းကင်ကိုမော်ကြည့်လိုက်သည်။မိုးတိတ်သွားတာများလားလို့ မော်ကြည့်လိုက်ပေမဲ့ မြင်လိုက်ရသည်မှာ ခုနားက ကျွန်တော်ပေးခဲ့တဲ့ အပြာရောင်အကွက်ကလေးနဲ့ထီးလေး....
ပြီးတော့ ထိုထီးလေးကို ကိုင်ထားသည့် ကျွန်တော့်ရဲ့....

Win-"P'Bright!"

Bright-"မင်း ဒီမှာဘာထိုင်လုပ်နေတာလဲ 'နှင်း'?"

🔸မငိုတော့ဘူးလို့စဥ်းစားထားပေမဲ့ ထီးကလေးကိုင်မိုးပေးထားပြီး မေးလာတဲ့ P'Bright'ကြောင့် မျက်ရည်တို့ကိုထိန်းမရတော့တဲ့အဆုံး နေရာမှထကာ ဖက်ထားလိုက်သည်။

Win-"P'Bright! ဟင့်"

Bright-"ဘာလို့ ငိုနေတာလဲ 'နှင်း'? မိုးရေထဲမှာဒီလိုမနေရဘူးလေ အအေးမိမှာပေါ့"

(Bright's Mind-'Win'ငါမင်းကိုဂရုမစိုက်ချင်ဘူး ဒါပေမဲ့ ငါသတိပြန်ဝင်လာတဲ့အချိန်တိုင်းအမြဲမင်းအနားပဲရောက်ရောက်နေတယ် ငါဘာဖြစ်နေတာလဲ..?)

Win-"ဟင့် P'Bright'က 'နှင်း'ကိုအော်တယ်လေ ပြီးတော့'Plare'နဲ့..."

Bright-"ရှူး...ထပ်မပြောနဲ့တော့ လာကိုယ်မင်းကိုအိမ်လိုက်ပို့ပေးမယ်"

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now