♦Part 21♦

562 34 0
                                    

[Unicode]
  ♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                     ♦Part 21♦   

🔸တိုးလျဝင်သွားသည့်အသံကလေးအဆုံး နေရာမှပြေးထွက်သွားသည့်ကျောပြင်လေးက မြင်ကွင်းမှတဖြေးဖြေးပျောက်ကွယ်သွားတော့သည်။

Bright-"Win!"

🔸ပြေးလိုက်ရန်ပြင်ပေမဲ့ အနောက်ကလှမ်းဆွဲထားသည့်လက်တစ်စုံကြောင့် 'Plare'ကိုလှည့်ကြည့်လိုက်သည်။

Plare-"မသွားပါနဲ့ ကိုကို 'Plare'နားမှာနေပါ ကိုကိုပဲ 'Plare'ကိုချစ်တယ်ဆို"

Bright-"ငါဘယ်တုန်းကမင်းကိုချစ်တယ်ပြောခဲ့လို့လဲ?"

Plare-"ဒါဆို 'Plare'ကို နမ်းခဲ့တာကရော?"

Bright-"သေချာစဥ်းစားပါဦး ငါကမင်းကိုနမ်းခဲ့တာလား မင်းကငါ့ကိုရုတ်တရက်နမ်းတာလားဆိုတာ?"

Plare-"အာ..ဒါ ဒါက"

Bright-"မင်းက ယုံကြည်ချင်စရာတစ်စက်မှကိုမကောင်းဘူး 'Plare' ဒီကမ္ဘာမှာမင်းတစ်ယောက်ပဲရှိမယ်ဆိုရင်တောင် မင်းကိုရွေးမှာမဟုတ်ဘူး!"

🔸'Plare'ဆွဲထားသည့်လက်ကိုဖြုတ်ချလိုက်ပြီး 'Win'အနောက်သို့ပြေးလိုက်သွားတော့သည်။ကျန်ခဲ့သည့် 'Plare'မှာ​တော့ 'Bright'၏စကားကြောင့် ခြေထောက်တွေပင်မလှုပ်နိုင်တော့ချေ။

Bright-"Win!နေပါဦး ကိုယ့်ကိုစောင့်ပါဦး"

Win-"မလာနဲ့ သွား"

🔸'Bright'လိုက်လာတာကြောင့် 'Win'လဲအမြန်ပြေးတော့သည်။သို့ပေမဲ့ 'Bright'မြန်တာကြောင့် 'Win'ကိုအနောက်ကနေချူပ်ထားလိုက်သည်။

Win-"P'Bright! လွှတ်ပေး"

Bright-"မလွှတ်ဘူး ကိုယ်မလွှတ်ဘူး"

Win-"ကျွန်တော့်ကိုလွှတ်ပေးလို့ပြောနေတယ်"

Bright-"ခဏ ခဏပဲဒီအတိုင်းလေးနေပေးပါကွာ ကိုယ်တောင်းဆိုတာပါ"

Win-"....."

🔸လက်မောင်းအောက်က​နေလျှိုဝင်ကာ ခါးကိုဖက်တွယ်လာသည့် 'Bright'၏လက်အစုံကို ခွင့်ပြုပုံအရ 'Bright'၏တောင်းဆိုမှုကိုလက်ခံဟန်တူသည်။ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ နောက်ကနေ သိုင်းဖက်လာသည့် 'Bright'ဆီက 'Bleu De Chanel'ရေမွှေးနံ့သင်းသင်းလေးကိုတော့ လျစ်လျူမရှုနိုင်..။

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now