♦Part 31♦

554 31 0
                                    

Unicode✨

  ♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                  ♦Part 31♦

Bright-"ချာတိတ်ကို ကိုယ့်အဖေဘာတွေပြောလိုက်လို့ ဒီလိုဖြစ်နေမှန်းမသိပေမဲ့ အခုအိမ်အရင်ပြန်ရအောင် မိုးတွေအရမ်းရွာနေတယ်လေ အိမ်ပြန်ရအောင်နော်.."

🔸မိုးရေထဲမှာထိုင်နေသည်မှာအတော်ကြာပြီဖြစ်တာကြောင့်'Win'မှာပြန်ဖြေဖို့အားပင်မရှိတော့ ခေါင်းကိုသာဖြေးညင်းစွာညိတ်ပြလိုက်ရသည်။'Bright'လဲမိုးရေများတစ်ကိုယ်လုံးစိုရွှဲနေသည့် 'Win'အားတွဲထူကာ အိမ်သို့ခေါ်လာခဲ့သည်။ပြီးနော​က် 'Win'အဝတ်အစားလဲရန်အတွက် 'Bright'ကအခန်းအထဲသို့ခေါ်သွားလိုက်သည်။

Bright-"Win လာအခန်းထဲဝင်"

Win-"လာပြီ.."

Bright-"ဒီမှာခဏထိုင်ပြီး ကိုယ့်ကိုပြော ကိုယ့်အဖေမင်းကိုဘာတွေပြောခဲ့လဲ?"

Win-"မပြောခဲ့ပါဘူး သူကဒီတိုင်းခဏခေါ်တွေ့တာပါ ဘာမှမပြောခဲ့ပါဘူး"

Bright-"ကိုယ့်ကိုမညာနဲ့နော် 'Win'ကိုယ့်ကိုညာရင်ကိုယ်မကြိုက်တာမင်းအသိဆုံးဖြစ်မှာပါ အရင်ကလိုပြန်မဖြစ်ချင်ရင်ကိုယ့်အဖေ ဘာပြောခဲ့လဲပြော?"

Win-"အာ အရင်ကလိုတော့မဖြစ်ချင်ပါဘူးရယ် ပြောပြောပါ့မယ်..အဲ့ဒါကဟို P'Bright'အဖေက ကျွန်တော့်ကိုကျွန်တော်က ကလေးမမွေးနိုင်လို့ P'Bright'အနားမှာမနေခိုင်းတာပါ ဒါမဲ့သူ့ကိုစိတ်မဆိုးပါနဲ့ သူပြောတာလဲမှန်တာပဲ ကျွန်တော်..ကျွန်တော်က"

🔸မျက်လွှာချကာ မျက်နှာကလေးညိုးငယ်သွားသည့် 'Win'မျက်နှာကလေးအား လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ သူ့မျက်နှာအားမျက်နှာချင်းဆိုင်ကြည့်စေသည်။

Bright-"ချာတိတ်! ချာတိတ်! ကိုယ့်မျက်လုံးကိုသေချာကြည့်"

Win-"ကျွန်တော်က P'Bright'အတွက် ကလေးမမွေးပေးနိုင်ဘူးလေ ဟင့်"

🔸'Bright'၏မျက်လုံးများအားရှောင်လွှဲကာ စိတ်ကယောင်ချောက်ချားဖြစ်နေသည့် ကလေးငယ်အားကြည့်ရင်း 'Bright'ရင်ထဲပူလောင်ရသည်။

Bright-"ချာတိတ်..ကိုယ်ပြောတာနားထောင် ချာတိတ်!"

Win-"ဟင့်အင်းသူပြောတာမှန်တာပဲ ကျွန်တော်ကမိန်းကလေးမှမဟုတ်တာ P'Bright'အတွက်သင့်တော်တာက 'Plar.....အွန့်"

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now