♦Part 9♦

464 29 0
                                    

[Unicode]
♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                     ♦Part 9♦   

♦♦♦♦♦♦
Nann-"ဒေါက်..ဒေါက်(တံခါးခေါက်သံ) P'Win ရေအခန်းထဲမှာလား?"

Win-"အာ အစ်ကိုလာပြီ ခဏစောင့်ဦး"

Nann-"Ok မြန်မြန်လာဖွင့်ပေးဦး"

🔸'Win'လဲ တံခါးကိုဖွင့်ပေးလိုက်ပြီး 'Nann'က 'Win'ကုတင်ပေါ်ဝင်ထိုင်လိုက်သည်။

Win-"ကဲ ဘာပြောစရာရှိလဲ Nong Nann?"

Nann-"Nann'ပြောစရာရှိလို့ P'ကို P'Brightအကြောင်းပြောတဲ့ထဲတစ်ခုတော့ကျန်သေးတယ် သိပ်ကိုအရေးကြီးတဲ့အချက်"

Win-"Nong Nann' ဒီလိုP'အခန်းထဲထိဝင်လာပုံထောက်ရင်တော့တကယ်လဲ တော်တော်အရေးကြီးပုံပေါက်ပါတယ် ပြောပါဘာအချက်မို့လို့လဲ?"

Nann-"P'Bright တွဲခဲ့တဲ့သူတွေက လက်ချိုးရေလို့တောင်မရတော့ဘူးဆိုတာ P'Win သိတယ်မလား?"

Win-"P'သိပါတယ် သူကခြေရှုပ်မှန်းကို..."

Nann-"အဲ့ထဲက P'သိထားသင့်တဲ့တစ်ယောက်က 'Plare'လေ သူက P'Brightတို့အခန်းကပဲ P'Bright ကတော့သူ့ကိုမကြိုက်တော့ဘူး ဒါပေမဲ့ သူကတော့ဆက်တွယ်ကပ်နေတုန်းပဲ"

Win-"Plare? 'Drake'ရော 'P'bright'ရောသဘောကျခဲ့တဲ့ကောင်မလေးလား?"

Nann-"ဟုတ်တယ်..P'Drake ပြောပြပုံအရတော့ တကယ်မွှေတဲ့သူက 'Plare'တဲ့"

Win-"အောင်း သူကဘယ်လိုမွှေလို့ရမှာတုန်း လူတစ်ယောက်ထဲကိုကြိုက်ကြတာပေမဲ့ နှစ်ယောက်လုံးကသူ့ကိုတစ်ချိန်တည်းကြိုက်လာအောင် သူမှလုပ်လို့မရတာ"

Nann-"P'Win' ကတော့တကယ်ပါပဲ 'မိန်းမမာယာသဲကိုးဖြာ' ဆိုတာမကြားဖူးဘူးလား?"

Win-"ကြားဖူးတယ်လေ"

Nann-"Plare'လဲအဲ့အတိုင်းပဲ အချိန်ကိုက်သူတို့နှစ်ယောက်တစ်ပြိုင်နက်ချစ်လာအောင်လို့ သဲကိုးဖြာမက ဆယ့်နှစ်ဖြာလောက်သုံးလိုက်မှာပေါ့"

Win-"ဒါပေမဲ့ သူကဘာလို့'P'Bright'တို့သူငယ်ချင်းနှစ်ယောက်ကိုခွဲချင်ရတာလဲ?"

Nann-"အဲ့ဒါတော့ 'Nann'လဲမသိတော့ဘူး အရေးကြီးတာက 'Plare'ကိုတွေ့ရင်ရှောင်သာရှောင် သူက P'Bright'နားကပ်တဲ့မိန်းခလေးတွေအကုန်လုံးကို အနိုင်ကျင့်တာ"

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now