♦Part 4♦

553 33 0
                                    

  ♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥

#Unicode🍂✨

♦♦♦♦♦
'Bright'တို့ပြန်သွားတော့မှ 'Win'လဲ ပစ္စည်းတွေကောက်သိမ်းနေသည့် 'Drake'အနားကပ်ကာ ပန်းကန်တွေကူသိမ်း​ပေးရင်း ထိုလူ့အကြောင်း စပ်စုမိသည်။

Win🔸"Drake!"

Drake🔸"အင်း ဘာပြောမလို့လဲ 'Win'?"

Win🔸"ဟို​လေ ခုနားက အစ်ကိုနဲ့မင်းနဲ့ကဘယ်လိုပတ်သက်တာလဲ? မင်းသူငယ်ချင်းတွေထဲလဲမမြင်ဖူးပါဘူး"

Drake🔸"သူ့နာမည်က 'Bright' ငါအရင်တစ်ခါ ရန်ဖြစ်လို့ကျောင်းနားရတာမင်းမှတ်မိသေးလား?"

Win🔸"အင်း မှတ်မိတယ်လေ အဲ့နေ့က မင်းအထိုးခံရပြီးပြန်လာတာ သွေးတွေများကြီးနဲ့လေ"

Drake🔸"အေး ငါ့ကိုထိုးတဲ့ကောင်က တခြားသူမဟုတ်ဘူး အဲ့ကောင်ပဲ!"

Win🔸"ဟ..ဟမ် တကယ်ကြီးလား?"

Drake🔸"တကယ်မဟုတ်လို့ ငါကမင်းကိုနောက်နေရမှာလား???"

Win🔸"မင်းကလဲ ဒါလေးမေးတာကိုစိတ်ကြီးပဲ ဒါနဲ့ မင်းတို့ကဘာလို့ရန်ဖြစ်ကြတာလဲ?"

Drake🔸"သူနဲ့ငါ ကအရင်ကသူငယ်ချင်းတွေပါ ဒါပေမဲ့ 'Plare'ဝင်လာတော့ ငါတို့နှစ်ယောက်ကြားမှာ ဗြောင်းဆန်ကုန်တယ် ငါကလဲ 'Plare'ကိုကြိတ်ချစ်နေတာ သူကလဲချစ်နေတော့ ကတောက်ကဆတွေဖြစ်ပြီး အဲ့နေ့က ရန်ဖြစ်ကြတာ.."

Win🔸"အော်...အဲ့လိုကိုး"

Drake🔸"မင်းကဘာလို့အဲ့လောက်သိချင်နေရတာလဲ?"

Win🔸"ဘာမှမဟုတ်ဘူး ဒီတိုင်းသိချင်တာပါ"

Drake🔸"အဲ့ကောင်နဲ့သွားမပတ်သက်နဲ့နော် သူက အသေရိုင်းစိုင်းတာ သူပေါင်းတဲ့ကောင်တွေကလဲဆေးသုံးတဲ့ကောင်တွေ တစ်ရပ်ကွက်လုံးကလူမိုက်တွေအကုန် သူ့သူငယ်ချင်းတွေလားတောင်ထင်ရတယ်"

Win🔸"ဒါဆို Gunsmile,Mike တို့ကလဲအဲ့ထဲကပဲလား?"

Drake🔸"မဟုတ်ဘူး သူတို့ကတော့ချွင်းချက်ပေါ့ အဲ့ကောင်တွေကတော့သူအပေါင်းဆုံး အခင်ဆုံးကောင်တွေ ပြောရရင်သူပေါင်းသမျှထဲကအလိမ္မာဆုံးကောင်တွေပေါ့ကွာ ဘာပဲဖြစ်ဖြစ် မင်းသူနဲ့ဝေးဝေးနေနော် 'Win' ကြားလား?"

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now