Unicode
အသစ်ပြောင်းထားတဲ့ဇာတ်ညွှန်းဟာ နောက်ထပ်တစ်ကြိမ် ထပ်ပြောင်းလိုက်ရသည်။ ဒီတစ်ကြိမ်မှာတော့ အများကြီးကိုပြင်ဆင်လိုက်တာကြောင့်
main plotကိုပါသက်ရောက်စေသည့်အပြင်
တခြားcastတွေလဲ ဇာတ်ညွှန်းအသစ်ကိုပြန်ကျက်ရလေသည်။လုမန်နီဆီကို အသစ်ပြန်ပြင်ထားတဲ့ဇာတ်ညွှန်းရောက်တဲ့အခါမှာ မာနထောင်လွှားတဲ့ဥက္ကဌက
သူ့ဝိတ်နဲ့ ဒါရိုက်တာကိုအတင်းဖိအားပေးပြီး
ပြောင်းခိုင်းတယ်လို့ထင်လိုက်သည်။
သူမနည်းနည်းတော့ပျော်သွားတယ် ဒီလိုအရာတွေက ဒါရိုက်တာဆီမှာဖြစ်လာမယ်ဆိုတာ ကြိုတွက်ထားသည်။ဒါပေမယ့် အသစ်ပြင်ထားတဲ့ဇာတ်ညွှန်းမှာ
သူမရဲ့နောက်ဆုံးsceneကိုမြင်ပြီးနောက် သူမထပ်မပြုံးနိုင်တော့ဘူး။ လှပတဲ့မျက်ဝန်းတစ်စုံက
ဒေါသတွေတောက်လောင်လာသည်။
ကျောက်ချင်းစုံက သူ့ရဲ့ရန်ငြိုးကိုpublicကိုထုတ်ပြလိုက်ရုံတင်မကဘဲ သူမsceneကိုပါ
ဒါရိုက်တာကိုပြောင်းခိုင်းလိုက်လေသည်!!သူမ ဒါလုံးဝလက်မခံနိုင်ဘူး!!!
လုမန်နီ ကျန်းဂျင်ကို တိုက်ရိုက်ဆက်သွယ်လိုက်သော်လည်း နောက်ဆုံးမှာတော့ သူမဒါရိုက်တာကို
အာခံနိုင်စွမ်းမရှိသဖြင့် ဒေါသထွက်စွာဘဲကျန်နေခဲ့သည်။
"ဒါရိုက်တာ ကျွန်မခုလေးတင်ဘဲဇာတ်ညွှန်းအသစ်ကိုဖတ်ပြီးပြီ။ ကျွန်မအထင် တခြားနေရာတွေပြောင်းလိုက်တာကောင်းပါတယ် ဒါပေမယ့်
တတိယမင်းသမီးနေရာက......ဒါရိုက်တာ
ရှင်ဘဲပြောခဲ့တယ်လေ ဒီဇာတ်ကောင်ရဲ့highlightက နောက်ဆုံးsceneဆိုပြီး
အခု နောက်ဆုံးsceneကပြောင်းသွားတယ်
ဒါ ဒီဇာတ်ကောင်ကိုအများကြီးထိခိုက်စေနိုင်တယ်မဟုတ်ဘူးလား???"လုမန်နီ သူမအပိုင်းနဲ့ပတ်သက်ပြီးတိုက်ရိုက်မပြောဘဲနဲ့ ကျန်းဂျင်ကိုဒါရိုက်တာတစ်ယောက်
ရဲ့ ရှုထောင့်ကနေ ပြသနာကိုဖြေရှင်းအောင်ပြောလိုက်သည်။ဒီလိုလုပ်တာက သူမမှာအပြစ်မရှိကြောင်းကိုဖော်ပြရုံသာမကဘဲ ကျောက်ချင်းစုန်အပေါ် ကျန်းဂျင်ရဲ့အမြင်ကို ရှုံ့ချစေရန်ဖြစ်သည်။
ČTEŠ
ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်
FantasyNOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့systemရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးပေးမယ့်တစ်ဦးတည်းသောလူတစ်ယောက်ပါ မင်းငါတို့နဲ့ချိတ်ဆက်ပေးပါလား စုယွီ : ငါ့မှာဒီလောက်ပိုက်ဆံ၊ရုပ်ရည်၊အရည်အ...