Arc2.18

2.4K 467 18
                                    

Chapter 30 | Arc 2.18

IQသုညနဲ့တစ်​ယောက်က သူ(ချီချန်း)ကသိလိုက်​တော့ သူမ​ပျော်မရွှင်ဖြစ်သွားတယ်။
သူ့ရဲ့IQကအရမ်းမြင့်ပါတယ်....ဘယ်လိုလုပ် သူ့ချစ်သူက သူ့ကိုIQသုညဆိုပြီး​ခေါင်း​စဥ်တပ်လိုက်ပါလိမ့်..

သူမ​ကျေနပ်​ကြောင်းထုတ်​မပြောရ​သေးခင်က စုယွီကဆက်​ပြောလိုက်တယ်။
"ဒါ​​ပေမယ့် ဘယ်လိုလုပ်မလဲ.....ကျွန်​တော်ကအဲ့အရူး​လေးကို ကြိုက်​မိ​နေမှ​တော့"

စုယွီ ချီချန်းကို သူ့ရဲ့လှပတဲ့မျက်ဝန်း​​လေး​တွေနဲ့ ဖြူစင်စွာ မျက်​တောင်ခတ်ပြလိုက်တယ်၊

ခုနက ဖြစ်​နေတဲ့ ချီချန်းရဲ့စိတ်​တွေ ချက်ချင်း​ပျောက်သွားတယ်။ သူသက်ပြင်းချလိုက်ကာ
ဟုတ်ပါပြီ...သူဘာဆက်​ပြောနိုင်မှာလဲ...သူ့အချစ်ကဘာ​ပြော​ပြော သူလက်ခံရမှာဘဲ ဟုတ်တယ်မလား?

မနက်စာစားပြီးသွား​တော့ သူတို့ရဲ့အလုပ်ကိုယ်စီ​ကြောင့် ခဏတာပြန်ခွဲရဦးမယ်။ထိုအချိန် ချီချန်းက စုယွီ့ကို ​သေချာ​အောင်ထပ်​မေးလိုက်တယ်။
"အခုကိုယ်တို့က ချစ်သူ​တွေမလား?"

"ဒါ​ပေါ့...ကျွန်​တော်တို့ တစ်သက်လုံးအတူရှိသွားကြမှာ"
ချီချန်းရဲ့စကား​တွေက သူ့ကိုသူအလံဖြူပြထားသလိုဖြစ်​နေတာ​ကြောင့် စုယွီညင်သာစွာနဲ့
"ပြီး​​တော့ ဒီဘဝတင်မဟုတ်ဘူး....​နောက်ဘဝ​တွေတိုင်းလည်း အတူရှိ​နေသွားမှာ"

ချီချန်း စုယွီကိုမက်​မောစွာကြည့်လိုက်ပြီး ခဏအကြာ သူသက်ပြင်းချလိုက်ပြီး ​လေးပင်စွာ​နဲ့
"ကိုယ်တကယ်မင်းကိုဖွက်ထားလိုက်ချင်တယ်...အဲ့ဒါဆိုမင်းက ကိုယ်တစ်​ယောက်ထဲရဲ့အပိုင်ဖြစ်သွားမှာ...ဒီလိုသာဆိုရင် ကိုယ်​နောက်ထပ်​ကြောက်မိမှာမဟုတ်ဘူး"

စုယွီ ခဏ​လောက်မင်သက်သွားမိတယ်။
အရင်ဘဝတုန်းကလည်း သူတို့၂​ယောက်​သေသွားတဲ့အထိ အတူရှိ​နေခဲ့ကြတာဘဲ​လေ...အဲ့ဒါကိုဘယ်လို့သူ့ချစ်သူက ဒီ​လောက်ပိုင်ဆိုင်လိုစိတ်​တွေများလာတာလဲ?

စုယွီ သူ့လက်​လေးကို​မြောက်ကာ သူ့အချစ်ရဲ့​​ခေါင်း​လေးကို က​လေးကို​ချော့မြူတဲ့အတိုင်း ပွတ်​ပေးလိုက်ကာ
"အဆင်​ပြေပါတယ် ဘာမှမဖြစ်ဘူး​နော်...တကယ်လို့ခင်ဗျား...ကျွန်​​​​တော့်ကိုဖွက်ထားခဲ့ရင်​​တောင် ကျွန်​တော်ကခင်ဗျားအပိုင်ဖြစ်​နေတုန်းဘဲ...ကျွန်​တော့်ကိုလွမ်းရင် ဘယ်အချိန်ဖြစ်ဖြစ် ဖုန်း​​​ခေါ်လိုက်."

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Where stories live. Discover now