Arc2.10

2.5K 505 50
                                    

Chapter 22 | Arc 2.10
Unicode

​ဘောလုံး​လေး ခဏ​လောက်ရပ်သွားကာ
"Ah သူတို့​တွေအကုန်လုံးက အမျိုးသားဇာတ်လိုက်​တွေဘဲ​လေ.....Ack!&*#%¥!"

အဆုံးမှာထွက်လာတဲ့ အသံထူးထူးဆန်းဆန်း​လေး​တွေက စုယွီ ​​ဘောလုံး​လေးကို ဆွဲလိုက်ညစ်လိုက်လုပ်လို့ ထွက်လာတဲ့အသံ​တွေဖြစ်သည်။

"ကျွန်​..ကျွန်..ကျွန်​တော် တကယ်မသိတာပါ သခင်​လေးhost!"

နှစ်ကြိမ်​လောက် အားရပါးရ ကစားခံလိုက်ရတဲ့​ဘောလုံး​လေးက ငိုဖို့အား​တောင်မကျန်​တော့ဘူး။

"ကျွန်​တော်သိတာတစ်ခုက ချီချန်းနဲ့ချူချန်းရန်တို့နှစ်​ယောက်လုံးက သူတို့ကမ္ဘာ​တွေရဲ့ ဇာတ်လိုက်ဆိုတာဘဲ ပြီး​တော့ သူတို့က သခင်​လေးhostရဲ့ အဓိကtask​တွေ။ ကျန်​တာ​တော့ ကျွန်​တော်လဲ တကယ်မသိဘူး ဝူး ဝူး ဝူး!"

စုယွီ ​​ဘောလုံး​လေးကို ထိုး​ဖောက်မတတ်ကြည့်​နေတာကိုရပ်လိုက်ပြီး လွှတ်​ပေးလိုက်သည်။ထို့​နောက် ပြုံးလိုက်ကာ
"Sorry ငါစိတ်အ​ခြေအ​နေမ​ကောင်းလို့ မထိန်းနိုင်ဘဲ မင်းကို နှစ်ခါ​​လောက် ​ဆော့လိုက်မိတယ်"
.
စုယွီ​ပြောလိုက်တဲ့ '​​​ဆော့'ဆိုတဲ့​နေရာမှာ သိသိသာသာ ​ပြောလိုက်သည်။

​ဘောလုံးအ​သေး​လေးက​တော့ သတိမထားမိလိုက်ဘူး။သူ့ကိုပြန်လွှတ်​ပေးလိုက်တာကို ခံစားရလိုက်တာနှင့်တပြိုင်နက် သူ့ရဲ့မ​ကောင်းဆိုးဝါးhostဆီက​နေ ​လေလိုထွက်​ပြေးသွား​တော့သည်။သူ့host သူ့ကိုနူးနူးညံ့ညံ့​လေး ပြန်ဖတ်ရင်​တောင် အနည်းဆုံး​တော့30000 pointsက​တော့ ပျက်စီးသွားသလိုခံစားလိုက်ရသည်။

မဟုတ်ဘူး hostသာသူ့ကို ဖက်မယ်ဆိုရင် သူ့ကိုpsychological traumaရသွားမှာ အ​သေအချာဘဲ!

​ဘောလုံး​လေး ​​ထောင့်မှာပုန်း​နေတာကို စုယွီဂရုမစိုက်​တော့ဘဲ မျက်လုံး​တွေကျဥ်း​မြောင်းကာ ဒီကိစ္စကို​​သေချာ​တွေး​နေ​တော့သည်။

ချီချန်းနဲ့ ချူချန်းရန်ကတကယ်ဘဲ ဘယ်လိုဆက်နွယ်နေကြတာလဲ?

ချီချန်းစုထားတဲ့ပစ္စည်း​တွေနဲ့ အရင်ကမ္ဘာတုန်းက ချူချန်းရန်စုခဲ့တဲ့ပစ္စည်း​တွေက အနည်းဆုံး99%တူ​​နေ​ပေသည်။ဒါကဘယ်လိုမှ တိုက်ဆိုင်မှုဆိုတာ မဖြစ်နိုင်​တော့။

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Where stories live. Discover now