Chapter 1.10
စုယွီနဲ့ချူချန်းရန် အဖို့ ကစားကွင်းကို
ပထဆုံးအနေနဲ့ရောက်ဖူးခြင်းဘဲ။
လမ်းမကျွမ်းကျင်တဲ့သူတို့နှစ်ယောက် ကစားကွင်းမြေပုံကိုကြည့်ပြီး စိတ်ဝင်စားဖို့အကောင်းဆုံး
စီးစရာတွေကိုလိုက်စီးကြတယ်။အရင်ဆုံး ရဟတ်ယာဉ်ကိုစီးပြီး
ရိုလာကိုစတာ၊မြင်းရဟတ်၊ရေလွှာမိချောင်း၊
သရဲအိမ်.....အကုန်ပတ်ဆော့နေလိုက်ကြတယ်။သူတို့နှစ်ယောက်ရဟတ်ယာဉ်စစီးတော့ သူတို့ကိုဟာသူတို့တော့ ဘာအတွေးမှမရှိဘူး။
ဒါပေမယ့်အရွယ်ရောက်ပြီးသားကောင်လေးနှစ်ယောက် က ရဟတ်ယာဉ်ကိုတူတူစီးကြတဲ့ပုံက တကယ်ကြောက်စရာကောင်းလှအောင်
လှတာမို့ လူတွေကသူတို့ကိုမကြည့်ရဲကြဘူး။
ရဟတ်ယာဉ်တံခါးလာပိတ်ပေးတဲ့ ဝန်ထမ်းကောင်လေးတောင်မှ သူတို့ကို စိတ်ရောဂါဖြစ်နေတဲ့သူလိုမျိုး ထူးထူးဆန်းဆန်းကြည့်သွားတယ်။
(သူတို့စီးတဲ့ရဟတ်ယာဉ်ပါ မြန်မာနို်င်ငံက
ခြောက်လုံးတွဲတွေမြင်ယောင်နေမှာစိုးလို့)ကံကောင်းစွာနဲ့ သူတို့နှစ်ယောက်လုံးက လူတိုင်းရှိန်ရလောက်အောင် ခံ့ညားနေတယ်။ အစကတော့ ချူချန်းရန်က သူ့ရဲ့ဥက္ကဌလိုအေးစက်တဲ့
အငွေ့အသက်တွေထုတ်လွှတ်နေပြီး သူဘာတွေးနေလဲဆိုတာ သူ့မျက်နှာကိုကြည့်ပြီး ခန့်မှန်းလို့မရဘူး။ တစ်ဖက်မှာတော့ စုယွီကပိုပြီးတောင် တည်ငြိမ်နေသေးတယ်။ရဟတ်ယာဉ်လေးက
တဖြည်းဖြည်းမြင့်လာတာနဲ့အမျှ ကမ္ဘာကြီးက
တဖြည်းဖြည်းသေးလာတာကို ကြည့်နေမိတယ်။အဆုံးမှာတော့ စုယွီ တစ်ဖက်ကိုလှည့်ကာ
သူ့ကိုတစ်ချိန်လုံးစိုက်ကြည့်နေတဲ့ ချူချန်းရန်ကို
"ဝမ်းကွဲအစ်ကို ရဟတ်ယာဉ်ကို ပထမဆုံးစစီး
ဖူးတာမလား?"
YOU ARE READING
ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်
FantasyNOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့systemရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးပေးမယ့်တစ်ဦးတည်းသောလူတစ်ယောက်ပါ မင်းငါတို့နဲ့ချိတ်ဆက်ပေးပါလား စုယွီ : ငါ့မှာဒီလောက်ပိုက်ဆံ၊ရုပ်ရည်၊အရည်အ...