Arc2.16

1.9K 456 18
                                    

Chapter 28 | Arc 2.16

ည​နေ၅နာရီခွဲ​လောက်တွင် စုယွီ ကုမ္ပဏီမှထွက်လာပြီး Drunken Moonကို ၆နာရီအတိ​တွင်​ရောက်လာခဲ့သည်။လုမန်နီက​တော့ private roomထဲမှာ​တောင်​စောင့်နှင့်​နေ​ပြီ။ အရင်တစ်​ခေါက်လာတုန်းက အခန်းကိုဘဲ စုယွီဘိုကင်ယူထားလိုက်တယ်။

စုယွီထိုင်လိုက်တာနဲ့ လုမန်နီကို​တောင်မကြည့်​သေးဘဲ ​ဘောလုံး​လေးကို ​မေးလိုက်တယ်။
"ချီချန်း​ရောက်​နေပြီလား?"

"ဟုတ်ကဲ့ သူ​ရောက်​နေပါပြီ...Magonlia Hallရဲ့​ဘေးအခန်းမှာပါ"
​ဘောလုံး​လေးနာခံစွာ​ဖြေလိုက်တယ်။

အခုပုံစံက အရင်တစ်​ခေါက်တုန်းကအဖြစ်အပျက်ကို​တောင်ပြန်မြင်​ယောင်လာ​စေတာဘဲ။

စုယွီ ​ချောင်းအသာဟန့်လိုက်ကာ
"Eye of the Soul"ကို installလိုက်တယ်။

"Eye of the Soul"ရဲ့လုပ်​ဆောင်ချက်​တွေက ပြင်ပ​သွင်ပြင်ကိုစစ်​ဆေးတာမဟုတ်ဘဲ အတွင်းစိတ်ဝိဥာဏ်ကိုစစ်​ဆေးတာဖြစ်တယ်။

Installလုပ်ပြီးတာနဲ့ စုယွီရဲ့အာရုံ​တွေက ​ဘေးအခန်းကို​တိုက်ရိုက်သွား​လေတယ်။ ခဏအကြာမှာဘဲ စုယွီ သူလိုချင်တဲ့အ​ဖြေကိုရသွားတယ်။

စုယွီ နှလုံးခုန်သံမြန်သွားပြီး အာရုံကိုပြန်ရုတ်လိုက်​လေတယ်။"Eye of the Soul"က တခြားအသုံးပြုသူ​တွေအရမ်းလိုချင်​နေတဲ့ အရည်အ​သွေးမြင့်တဲ့ပစ္စည်းဖြစ်တယ်။ ဒီပစ္စည်းက လူ​တွေရဲ့နှလုံးသားကိုပါ​​ဖောက်မြင်နိုင်စွမ်းရှိ​ပေမယ့် စုယွီက​တော့ အဲ့​လောက်ထိကြည့်စရာမလို​ပေ။
သူ့မှာ သူ့ကိုယ်ပိုင်အစွမ်းရှိတယ်၊

သူ "Eye of the Soul"ကို အ​နောက်ကအိတ်ထဲပစ်ထည့်လိုက်တယ်။

အဲ့အချိန်ကျမှဘဲ စုယွီ လုမန်နီကိုကြည့်လိုက်ကာ
ခပ်ပါးပါး​လေးပြုံးလိုက်ကာ လုမန်နီကို
"မစ္စလုက ဒီ​နေ့အ​တော်လှ​နေတာဘဲ"

"ဥက္ကဌ​ကျောက်က​တော့ ​မြှောက်ပင့်​နေပါပြီ"
လုမန်နီ လုပ်ပြုံး​လေးပြုံးလိုက်ကာ-
သူမနှလုံးသားထဲမှာ​တော့ ​ဒီလိုချီးကျူးခံရလို့
ပျော်ရွှင်မ​နေ​​ပေ။အခုချိန်မှာ အပြစ်ကျူးလွန်ထားသလို​ကြောက်ရွံ့​နေရကာ သူမလက်​တွေမှာ ​ချွေး​တွေထွက်​နေ​လေတယ်။

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Όπου ζουν οι ιστορίες. Ανακάλυψε τώρα