Chapter 25 | Arc 2.13
Unicodeအခုဖြစ်နေတာတွေက လုမန်နီကို အဓိကစိတ်ညစ်စေတာတွေမဟုတ်သေးဘူး။
ချီချန်းရဲ့weiboက သူမကိုပါးရိုက်လိုက်သလိုခံစားရပေမယ့် သူမမသိသလို အရှက်မရှိဟန်ဆောင်လို့ရသေးသည်။ပြီးတော့လည်း သူတင်ခဲ့တဲ့postက ချီချန်းကို တိုက်ရိုက်ရည်ညွှန်းနေတာမှမဟုတ်တာ-သေချာကြည့်ရင် သူမက personal statementသာတင်ထားပြီး သူနဲ့သူမကြားဆက်ဆံရေးကို ဝင်စွက်ဖက်နေသော စာမဟုတ်ပေ။
သူမကိုအဓိကခေါင်းကိုက်စေတဲ့အရာက ချီချန်း
ပို့စ်တင်ပြီး၁၀မိနစ်အကြာတွင် နောက်ထပ်ပို့စ်အရှည်ကြီးတစ်ခု အင်တာနက်ပေါ် ထပ်ထွက်လာလေသည်၊ထိုပို့စ်ဟာ ချီချန်းနဲ့သူမအကြား ကောလဟာလတွေကို စစ်ဆေးထားပြီး trendingဖြစ်အောင်လုပ်နေတဲ့ water army accတွေကိုပါlistနဲ့ချပြထားသည်။
ဒီပို့စ်ထွက်လာတာနဲ့တစ်ပြိုင်နက် ငြိမ်သက်နေပြီဖြစ်တဲ့ ကွန်ယက်ကြီးတစ်ခုလုံး ပြန်လည် အုံကြွလာလေပြန်သည်။ချီချန်းနဲ့လုမန်နီရဲ့အချစ်ကိုထောက်ခံနေတဲ့ water army accတွေနဲ့ဖြတ်လျှောက်accတွေအများအပြားကို'ဖောင်း ဖောင်း ဖောင်း'ဆိုပြီး ပါးချလိုက်သလိုပင်။
လုမန်နီ ထိုပို့စ်ကိုမြင်လိုက်တဲ့အချိန် သူမတစ်ကိုယ်လုံးတုန်ယီလာလေသည်။
ဒီသတင်းတွေက သူမကိုလာမဆက်နွယ်မှန်း အတည်ပြုပြီးမှသာ သူမစိတ်အနည်းငယ် သက်သာသွားပေမယ့် ရင်ထဲမှာတော့ ဒေါသတွေနဲ့ပြည့်နှက်နေသည်။သူမဒီလောက် အကုန်လုံးကိုပြင်ဆင်ထားရက်နဲ့ ဘာလို့စီစဥ်ထားသလိုမဖြစ်ရတာလဲ?!
လုမန်နီ တုန်ယင်နေသော လက်တစ်စုံ
ဖြင့်weiboကိုပိတ်လိုက်ကာ saveမလုပ်ထားသော ph no.ကိုခေါ်လိုက်သည်။သုံးကြိမ်လောက်ခေါ်ပြီးမှသာ တစ်ဖက်ကဖုန်းကိုကိုင်လေသည်။ လုမန်နီ ဒေါသတစ်ကြီးမတုံ့ပြန်ရသေးခင်မှာဘဲ တစ်ဖက်က အသံခပ်နိမ့်နိမ့်ဖြင့်"ငါ့ကိုနောက်တစ်ခါထပ်မဆက်နဲ့"
လုမန်နီ ခဏလောက်ကြောင်သွားကာ သူမရဲ့ရိုးသားကြင်နာတဲ့ပုံစံကိုမေ့သွားကာ စတင်အော်ဟစ်လိုက်တယ်။
"လီဟန် ရှင်ဘာတွေပြောနေတာလဲ?! စောနကဘဲ ကျွန်မတို့ အဆင်ပြေနေသေးတယ်လေ အခု ဒီကိစ္စတွေ ဒီလိုဖြစ်လာတော့မှ ထပ်မဆက်သွယ်နဲ့လို့ပြောတယ်ပေါ့လေ?!ရှင်လိုအပ်တုန်းက ကျွန်မပေးခဲ့တဲ့အကူအညီကို ဒီလိုပေးဆပ်လိုက်တယ်ပေါ့လေ?!!"
.
တစ်ဖက်ကလူက ခဏလောက်တိတ်ဆိတ်သွားပြီး
လုမန်နီ သူ့ကိုထပ်ပြီး အော်ဟစ်မပြောခင်မှာဘဲ သူအကျယ်ကြီး ထအော်ရယ်လိုက်တယ်။
ESTÀS LLEGINT
ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်
FantasiaNOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့systemရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးပေးမယ့်တစ်ဦးတည်းသောလူတစ်ယောက်ပါ မင်းငါတို့နဲ့ချိတ်ဆက်ပေးပါလား စုယွီ : ငါ့မှာဒီလောက်ပိုက်ဆံ၊ရုပ်ရည်၊အရည်အ...