Chapter 1.2

4.9K 789 7
                                    

Chapter 1.2 – The protagonist has a very limited brain capacity

"...အဲ့ဒီတော့ ဒါကငါလုပ်ရမယ့်တာဝန်လား?"
စုယွီ နောင်တရချင်သလိုတောင်ဖြစ်လာတယ်။
ဘယ်လိုsystemလဲ။ သေချာတယ် ဒီsystemကလဲ ဇာတ်လိုက်လိုဘဲ ဦးနှောက်မရှိဘူး။ IQမရှိလို့လဲ ဒီtaskကိုပေးတာပေါ့

သူပြောတဲ့အတိုင်းသာ လုပ်မယ်ဆိုရင် သူက
အရူးကိုလိုက်နှုတ်ဆက်နေရမှာနဲ့မတူဘူးလား။
ဒါကတော်တော် အဓိပ္ပါယ်မရှိတာဘဲ။

ဘောလုံးလေးက ခေါင်းငုံ့သလိုပုံစံလေး လုပ်လိုက်ပြီး"ဒီtaskကအရမ်းကိုလွယ်တယ်မလား။
မင်းရဲ့IQနဲ့သာဆို ဘာပြသနာမှဖြစ်မှာမဟုတ်ဘူး"

"ဟုတ်တယ်...အရမ်းကိုလွယ်လွန်းတယ်"
လွယ်လွန်းလို့ သုံးကျပ်ဘဲရှိတဲ့အရူးတောင်လုပ်နိုင်တယ် 'ဒီလောက်ကျပ်မပြည့်တာလူတောင်ဟုတ်သေးရဲ့လား'

ဘောလုံးလေး စုယွီရဲ့စိတ်ပျက်နေတဲ့ပုံကိုတွေ့တော့ လန့်ပြီး အခြေအနေတွေကို မြန်မြန်ရှင်းပြလိုက်တယ်,"Host စိတ်မဆိုးပါနဲ့အုန်း ဒါကလဲ systemရဲ့ကောင်းကျိုးတစ်ခုဘဲလေနော်
ဒီsystemရဲ့ကောင်းတဲ့အချက်က taskကဘယ်လောက်ဘဲ ခက်နေပါစေ အမြဲတမ်း သေးသေးလေးဘဲ လုပ်ဆောင်ရပြီး ဆုလာဒ်ကိုကျ အများကြီးရတာနော် ဒီမှာ ကြည့်ကြည့်!"

အဲ့တော့မှစုယွီက သူ့နဂိုပုံစံကနေ ပြောင်းလိုက်တယ်။ အခုခန္ဓာယ်ကိုယ်က အသက်၂၀တောင်မပြည့်သေးဘူး ပြီးတော့ သူ့ကိုယ်က နွေရာသီအငွေ့အသက်လေး ရပြီး သူ့မျက်ဝန်းတွေက ဆောင်းရာသီ လိုဘဲ အေးမျှနေတယ်။ ဘောလုံးလေးကတော့ သူ့hostရဲ့ အေးစက်စက်မျက်ဝန်းတွေကို ကြောက်လို့ တုန်နေတယ်။

စုယွီ missionပြီးရင် ရမယ့်ဆုတွေကိုကြည့်လိုက်တယ်:

1. ဇာတ်လိုက်ရဲ့IQက 1%တက်တိုင်းမှာ IQ 10 Pointsကို rewardအနေနဲ့ရလိမ့်မယ်

2. တကယ်လို့ စုယွီသာ ဒီကမ္ဘာကိုကယ်တင်မယ့် taskတွေအကုန်လုံး ပြီးသွားမယ်ဆိုရင်
IQ 1000 pointsနဲ့  ကမ္ဘာရဲ့အစိတ်အပိုင်း တစ်ခုကိုပါ ရရှိမှာဖြစ်တယ်။

စုယွီIQ pointsတွေရမယ်ဆိုတာကိုတော့ နားလည်လိုက်ပေမယ့် ကမ္ဘာရဲ့အစိတ်အပိုင်းတစ်ခု
ဆိုတာ ဘာကိုပြောတာလဲ

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Where stories live. Discover now