Arc2.19

2K 336 15
                                    

Chapter 31 | Arc 2.19

စုယွီ မျက်ခုံးပင့်လိုက်ကာ- ဒီမိန်းမကတကယ်ကို အချိန်ကိုအကုန်မခံတာဘဲ။
"သူမဘာ​တွေလုပ်ထားလဲ?"

"သူမ အမည်မသိဖိုရမ်တစ်ခု​ထောင်ထားပြီး National male godရဲ့လိင်ပိုင်းဆိုင်ရာခံယူမှုနဲ့ပတ်သက်ပြီး....အနုပညာအသိုင်းအဝိုင်းထဲကိုဖြန့်ချဖို့ကြံစည်​နေတယ်....သူမအရမ်းလွန်သွားပြီ...ကျွန်​တော်သူမရဲ့content​တွေကို blockလိုက်ရမလား?"
​ဘောလုံး​လေးက စုယွီဆီက​နေအမြဲအနိုင်ကျင့်ခံ​နေရ​ပေမယ့် ဒီလိုအ​ရေးကြီးတဲ့အ​ခြေအ​နေ​တွေမှာ​တော့ သူ့hostဘက်က​နေရပ်တည်​ပြီး သူ့hostအစား ခါးသက်သက်နဲ့စိတ်မ​ကောင်းဖြစ်မိတယ်။ ဒီမိန်းမက​တော့ သူ့hostရဲ့လူကိုမှ ထိဖို့ကြံစည်​​နေတယ်! သူ​သေချင်​နေတာလား?!

​ဘောလုံး​လေးက တိုက်ခိုက်ဖို့အသင့်အ​နေအထားဖြစ်​နေချိန် စုယွီရဲ့ခပ်တိုးတိုးအသံဖြင့်
"မလိုဘူး...contentထဲကချီချန်းရဲ့နာမည်​တွေကို ငါ့နာမည်အ​နေနဲ့​ပြောင်းလိုက်...တကယ်လို့ မီဒီယာ​တွေ၊ ကုမ္ပဏီ​တွေက ဒီအ​ကြောင်းကို တင်ဖို့အရမ်း​ကြောက်​နေကြရင် မင်းက သူတို့ကိုတွန်းအား​​ပေးပြီးတင်ခိုင်းလိုက်"

"သခင်​လေးhost...တကယ်လို့သခင်​လေးhost come outလုပ်ချင်ရင်​တောင် ဒီလိုပုံစံမျိုးနဲ့လုပ်ဖို့မလိုဘူး​​လေ...
ဘာလို့ဒီ​လောက်​တောင် ​ခေါင်းမာ​ရတာလဲ??"
​ဘောလုံး​လေး ​မြေကြီး​ပေါ်ကိုပြုတ်ကျသွားမတတ်ဘဲ။

စုယွီ ​ဘောလုံး​လေးကို ကြည့်လိုက်ကာ
"စိတ်မပူပါနဲ့...ငါကmasochistမဟုတ်ပါဘူး...ဒီတိုင်း ဒီကိစ္စကို အခွင့်​​ကောင်းယူပြီး ​ကျောက်entနဲ့ ​ကျောက်ယွမ်ကိုရင်ဆိုင်မလို့"

​​ဘောလုံး​လေး အခုထိ သူ့hostရဲ့logicကိုနားမလည်နိုင်​သေးဘူး။
"Host​သေချာလို့လား...ဒီနည်းက ​ကျောက်ယွမ် hostကို အိမ်တံခါးဝက​နေ ကန်မချ​လောက်ဘူးလို့?"

​​ဘောလုံး​လေး​ပြောချင်ရာ​ပြောလိုက်ပြီးမှ နည်းနည်း​နောင်တရသွားတယ်။ တုန်လှုပ်စွာ စုယွီကို ကြည့်လိုက်ပြီး
သူ့ရဲ့​ကြောက်ဖို့​ကောင်းတဲ့host ​ဒေါသထွက်ပြီး သူ့ကို ကစား ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Where stories live. Discover now