Chapter 1.3 – From 'ultra-unequaled paragon' to common dishwasher
စုယွီ စိတ်လှုပ်ရှားစွာနဲ့ ဆိုဖာပေါ်ကနေ ထလိုက်
ပြီး ဝင်လာတဲ့သူကို နှုတ်ဆက်လိုက်တယ်
"ဝမ်းကွဲအစ်ကို!"သူအဲ့လိုပြောလိုက်ပြီးပြီးချင်းမှာဘဲ အစက
ပြောင်သလင်းခါနေတဲ့ ဇာတ်လိုက်ရဲ့ IQ barက 1%တက်သွားတာကို တွေ့လိုက်တယ်။
ဆိုတော့ ဇာတ်လိုက်မှာIQ 10 points
ရှိသွားပြီပေါ့။ စုယွီ systemကိုတစ်ချက်ကြည့်လိုက်ပြီး ချူချန်းရန်ကို အပြုံးလေးနဲ့ နှုတ်ဆက်လိုက်တယ်။ချူချန်းရန် ဟာ တစ်ခါမှ သူနဲ့သွေးဝေးတဲ့
ဝမ်းကွဲညီကို မမြင်ဖူးဘူး ပြီးတော့ သူအခုချိန် ဘယ်သူ့ကိုမှ နှုတ်ဆက်ချင်စိတ်မရှိဘူး။
သူ စုယွီကို ခေါင်းငြိမ့်ပြလိုက်ပြီး
"မင်းလိုတာ ရှိရင် ငါ့ကိုပြောလို့ရတယ်"ပြောပြီးတာနဲ့ စုယွီ ရဲ့ပြန်ဖြေတာကိုတောင် နားမထောင်တော့ဘဲ သူ့လက်ဆွဲအိတ်ကို ကိုင်ပြီး အပေါ်ထပ်ကို တက်သွားလိုက်တယ်။
စုယွီ အပြုံးကိုပြန်ရုတ်လိုက်ပြီး ဘောလုံးလေးဘက်ကို
လှည့်ပြီး မေးလိုက်တယ်
"ချူချန်းရန် ဒီနေ့ စိတ်အခြေအနေ မကောင်းဘူး
ဒီနေ့ဘာဖြစ်ခဲ့လို့လဲ?"ဇာတ်လိုက်အိမ်ကို ပြန်ရောက်ခါစတုန်းက
စုယွီက သူ့ကိုနှုတ်ဆက်ဖို့မလွယ်လောက်ဘူးလို့ဘဲထင်ခဲ့တာ အခုတော့ ပိုတောင်ဆိုးသွား
တယ်။အပြာရောင်လုံးလေး နည်းနည်းတွန့် သွားပြီး
မျက်နှာလွှဲလိုက်ကာ
"အင်း...ကျွန်တော် အချိန်ကို ပြန်စစ်ကြည့်
လိုက်တော့ ဒီနေ့က ချူချန်းရန်က
ကျန်းယွဲ့ယွဲ့ကိုချစ်မိသွားပြီး ကျန်းယွဲ့ယွဲ့မှာ
ချစ်သူရှိတာကို
သိသွားတဲ့ပုံဘဲ"ကျန်းယွဲ့ယွဲ့က ဒီကမ္ဘာရဲ့ဇာတ်လိုက်မ
အရမ်းကိုသိမ်မွေ့ပြီးကြင်နာတတ်တဲ့ ဦးနှောက်မရှိတဲ့ ကြာပန်းဖြူပေါ့။"အဲ့ဒါဆိုတော့ အဲ့နေ့က ဒီနေ့ဖြစ်နေတာပေါ့
ဘယ်လိုတောင်တိုက်ဆိုင်တာလဲ"
စုယွီ သူ့မေးစေ့ကို ကိုင်လိုက်ပြီး စားပွဲပေါ်က
စာအုပ်တွေကို တစ်ချက်ကြည့်လိုက်တယ်။
စာအုပ်တွေကိုယူလိုက်ပြီး "ဒီလိုသနားဖို့ကောင်းတဲ့ ပုံနဲ့တွေ့နေရမှတော့ ငါသူ့ကိုကူညီတဲ့အနေနဲ့ညစာ ချက်ကျွေးရမှာပေါ့"
YOU ARE READING
ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်
FantasyNOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့systemရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးပေးမယ့်တစ်ဦးတည်းသောလူတစ်ယောက်ပါ မင်းငါတို့နဲ့ချိတ်ဆက်ပေးပါလား စုယွီ : ငါ့မှာဒီလောက်ပိုက်ဆံ၊ရုပ်ရည်၊အရည်အ...