Chapter 1.5

3.8K 719 5
                                    

Chapter 1.5

အခုချိန်မှာ ချူချန်းရန်ဆီမှာIQ 8%ရှိနေနှင့်ပြီ
ကျန်းယွဲ့ယွဲ့ရဲ့စွပ်စွဲခံရတာကိုကြားရတဲ့အချိန်
သူရင်နာပေမယ့် ခေါင်းငြိမ့်လိုက်ကာ
"မင်း စိတ်ချလိုက်လို့ရပြီ ငါဒီကိစ္စကိုဖြေရှင်း
လိုက်မယ် အလုပ်အေးဆေးသွားလုပ်တော့"

"ဒါဆိုလဲ ကျွန်မ ဥက္ကဌကိုအနှောင့်အယှက်ကေးမိပြီ"ကျန်းယွဲ့ယွဲ့ကမျက်ရည်ဝိုင်းကာ သဘောတူလိုက်ပြီး ချူချန်းရန်ရဲ့ရုံးခန်းထဲကနေ ထွက်လာခဲ့တယ်။

အဲ့ဒီနေ့ နေ့ခင်းမှာဘဲ ချူချန်းရန်က အစည်းအဝေး လုပ်လိုက်ပြီး သူနဲ့ကျန်းယွဲ့ယွဲတို့ကြားက ဖြူစင်မှုကို ဖြေရှင်းခဲ့တယ်  ဒါပေမယ့် သူအခုဘယ်လောက်စိတ်လေးနေတယ်ဆိုတာ ဘယ်သူမှမသိဘူး။

ချူအိမ်မှာ နားနေတဲ့စုယွီက ဒီအဖြစ်အပျက်တွေအကုန်လုံးကို ဘောလုံးလေးဆီကနေ သိလိုက်ရတယ် ဒါပေမယ့် သူအကူညီမဲ့စွာ သက်ပြင်းချလိုက်တယ်
"ထင်သားဘဲ IQ 8%ကတော်တော်နည်းနေသေးတယ်ဆိုတာ သူဦးနှောက်ပြန်ကောင်းဖို့အတွက်
ငါဘယ်လောက်ကြာအောင် သရုပ်ဆောင်နေ
ရအုန်းမှာလဲ"
ဘောလုံးလေး စုယွီရဲ့ပုံကြောင့် နည်းနည်း
တွေဝေသွားပြီး မေးလိုက်တယ်
"Host မင်းဒီလိုဖြစ်လာဖို့ဘဲ မျှော်လင့်ထားတာ
မဟုတ်ဘူးလား?"

"ဘယ်ဟာကိုလဲ"စုယွီဘောလုံးလေးကို
ကြည့်လိုက်တယ်

ဘောလုံးလေးကြောင်ကာ အံ့ဩသွားတယ်
"ဒီ...ဒီလိုလေ ကျန်းယွဲ့ယွဲ့က ချူချန်းရန်ကို
ရှာပြီးရင် ချူချန်းရန်က သူမရဲ့ဖြူစင်မှုကို
ကာကွယ်ပေးဖို့လေ အဲ့ဒါကHostစီစဉ်ထားတာဘဲမဟုတ်ဘူးလား?"

"ဒါကအဲ့လောက်တောင် ခန့်မှန်းဖို့ခက်လို့လား"
စုယွီ ရယ်မရလိုငိုရမလိုဖြစ်သွားတယ်
သူတစ်ခါတစ်လေ တွေးမိတယ် ဘောလုံးလေးရဲ့IQက ဇာတ်လိုက်နဲ့အတူတူလောက်ဘဲဆိုပြီး
"ကျန်းယွဲ့ယွဲ့ကအရမ်းကိုဖြူစင်တယ်
အဲ့ဒီအချက်ကြောင့်ဘဲ သူ့ချစ်သူက သူ့ကို
လှည့်စားသွားတာ အဲ့လိုဆိုပေမယ့် ချူချန်းရန်ကသူ့ကိုချစ်နေမှန်း သူဘယ်လိုလုပ်မသိဘဲနေမှာလဲ? သူသာတစ်ကိုယ်ကောင်းဆန်ဆန်နဲ့ချူချန်းရန်သူမကိုချစ်သွားအောင်ဆွဲမထားရင် ချူချန်းရန်ဆီကနေ ပစ္စည်းတွေတောင်းပြီး သူ့ရဲ့ချစ်သူကိုပေးရဲမှာလဲ?"(ဆိုလိုတာက ချူချန်းရန်ကို
ကြိုးရှည်ရှည်နဲ့လှန်ထားတာပါ)

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Wo Geschichten leben. Entdecke jetzt