Uni
ချီချန်းနဲ့ ဒါရိုက်တာတို့ ညနေ၆နာရီခွဲမှာ ချိန်းထားပေမယ့် ချီချန်းကမိနစ်၂၀လောက်စောရောက်နေလေသည်။
နာမည်ကြီးတဲ့စားသောက်ဆိုင်ဖြစ်တဲ့Drunken Moonဟာ ရိုးရိုးရှင်းရှင်းဟင်းပွဲတွေသာဖြစ်ပေမယ့် ပတ်ဝန်းကျင်က တအားကိုနှစ်လိုဖွယ်ကောင်းကာ privacyလဲလုံခြုံသောကြောင့် လူအတော်အများက ဒီမှာတွေ့လေ့ရှိကြသည်။
Private roomကို ဘိုကင်ယူထားတာဖြစ်ပေမယ့် ချီချန်းကဒီကိုပထမဆုံးလာဖူးတာမဟုတ်သောကြောင့် ဝိတ်တာကောင်လေးကို လက်ပြလိုက်ကာ
သူ့ဟာသူသွားလိုက်တော့သည်။
အခန်းကိုရောက်သွားတော့ တံခါးကဟနေတာကို ချီချန်းမြင်လိုက်ရသည်။Private roomကိုတောင် တံခါးပိတ်ဖို့ မေ့တယ်ဆိုတော့ --ဒီဧည့်သည်က တော်တော် နမော်နမဲ့နိုင်တာဘဲ ချီချန်းတွေးလိုက်တာ မျက်မှောင်ကြုတ်လိုက်သည်။
သူတံခါးကို တွန်းဖွင့်လိုက်တော့မည့်အချိန်မှာဘဲ
အထဲက ရယ်သံဖျော့ဖျော့လေးကိုကြားလိုက်ရသည်။ ဒီရယ်သံက ရင်းနှီးနေကော ချီချန်းရပ်လိုက်မိသည်။ထိုရယ်သံ ပြီးသွားတဲ့အချိန်မှာ အမျိုးသားတစ်ယောက်အသံက ချီချန်းနားထဲဝင်ရောက်လာသည်။
"မစ္စလု ကျွန်တော့်ကိုဖိတ်တာဒီအကြောင်းကိုပြောဖို့လား?""အင်း....အဓိကကတော့ ဥက္ကဌကျောက်ကိုတောင်းပန်ချင်တာပါ"
အမျိုးသမီးတစ်ယောက်ရဲ့အသံထွက်လာလေသည်။ချီချန်းရဲ့ မှတ်ဥာဏ်ဟာ အရမ်းကောင်းတာကြောင့် ဒီစကားအနည်းငယ်ကိုကြားလိုက်တာနဲ့
တစ်ဖက်ကလူနှစ်ယောက်ကို သိရှိသွားပြီဖြစ်သည်။သူ အခန်းတံခါးကို ကြည့်လိုက်တော့
သူဘိုကင်တင်ထားတဲ့ 'Magnolia Hall'အမည်ရှိတဲ့အခန်းဖြစ်လေသည်။ဒီလူနှစ်ယောက်က ဘာလို့ သူဘိုကင်လုပ်ထားတဲ့အခန်းထဲရောက်နေလဲမသိပေမယ့် ဆက်နားထောင်လို့မဖြစ်တာကို ချီချန်းသိသည်။
ဒါပေမယ့် သူဘာကြောင့်မှန်းမသိပေမယ့်
သူ့နှလုံးသားနာကြင်လာပြီး အခန်းထဲကိုမဝင်ချင်ပေ။
YOU ARE READING
ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်
幻想NOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့systemရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးပေးမယ့်တစ်ဦးတည်းသောလူတစ်ယောက်ပါ မင်းငါတို့နဲ့ချိတ်ဆက်ပေးပါလား စုယွီ : ငါ့မှာဒီလောက်ပိုက်ဆံ၊ရုပ်ရည်၊အရည်အ...