Arc2.17

2.4K 488 41
                                    

Chapter 29 | Arc 2.17
Warning

ချီချန်း စုယွီကို Drunken Moonက​နေ​ခေါ်ထုတ်သွားပြီး​နောက် သူ့အိမ်ကိုဘဲ တိုက်ရိုက်သွားလိုက်တယ်။လမ်းမှာလည်း စုယွီတစ်ချိန်လုံး တွန့်လိန်ကာ​နေပြီး တကယ်လို့ချီချန်းသာမတားခဲ့ရင် သူ့ရဲ့အကျီ​တွေကို ချွတ်ပစ်လိုက်မိမှာဖြစ်တယ်။

​ဘောလုံး ထိုအချစ်ငှက်နှစ်​ကောင်ကို တိတ်ဆိတ်စွာနဲ့ဘဲ ကြည့်​နေမိကာ ​နောက်ဆုံးသည်းမခံနိုင်​တော့ဘဲ
"သခင်​လေးhostရဲ့ သရုပ်​​​ဆောင်မှုက အရမ်း​တော်တာဘဲဗျာ"

တွန့်လိမ်ကာပွတ်သပ်​နေဆဲ စုယွီ ​ဘောလုံး​လေးကို တည်ငြိမ်စွာ ​ပြန်​ပြောလိုက်တယ်
"မင်းက​တော့ ​မြှောက်​ပြော​နေပြီ...အာ..ခဏ​နေ​လောက်ကျရင် ဒီရုပ်ရှင်က R rated​တွေပါလာ​တော့မှာ...အဲ့ဒါ​ကြောင့် စည်းကမ်းရှိရှိနဲ့ ​စော​စောအိပ်လိုက်တာ​ကောင်းမယ်ထင်တယ်"

"......."
​ဘောလုံး​လေး ဒီလိုအရှက်မရှိတဲ့hostနဲ့တစ်ခါမှမ​တွေ့ဖူးဘူး။ သူ စိတ်ဆိုးလာတာ​ကြောင့် အနီ​ရောင်​တောက်​တောက်​အ​ရောင်​ပြောင်းလာကာ ​​တော်ပြီ ဒီလိုအရှက်မရှိပြိုင်ငြင်း​နေမယ်ဆိုရင် သူတို့ကမ္ဘာအဆုံးထိ ပြိုင်​နေရလိမ့်မယ်....ကိုယ့်ဟာကိုယ် ဥာဏ်ရှိရှိနဲ့ဘဲ အိပ်လိုက်​တော့မယ်။

သူတို့​ရောက်သွား​တော့ ချီချန်း စုယွီကိုကား​ပေါ်မှသယ်လိုက်ကာ အိမ်ထဲသို့​ခေါ်သွားကာ အိပ်ခန်းထဲကိုတန်း​ခေါ်သွားသည်။

ချီချန်း စုယွီကို ကြီးမားနူးညံ့တဲ့အိပ်ရာ​ပေါ်အသာချလိုက်​ပေမယ့် သူ့မျက်ဝန်း​တွေက​တော့ ​မှောင်မည်း​နေကာ ​ကြောက်စရာ​ကောင်း​နေသည်။စုယွီက​တော့ သူ့ပလန်အတိုင်း ဆက်လက် တွန့်လိမ်​နေဆဲ ရုတ်တရပ် ချီချန်းရဲ့ ​လေသံတိုးတိုးနဲ့​မေးသံကိုကြားလိုက်တယ်။
"​ပျော်​နေတယ်​ပေါ့?"

စုယွီ ချက်ချင်းရပ်တန့်သွားကာ ချီချန်းကို ဖြည်းဖြည်းချင်း​မော့ကြည့်လိုက်ကာ ဖြူစင်စွာ မျက်​တောင်ခတ်လိုက်ရင်း
"ကျွန်​တော်တကယ် အဆင်မ​ပြေဘူး...."

​ဆေးအစွမ်း​ကြောင့် စုယွီတစ်ကိုယ်လုံး တကယ်ကိုပူ​နေတာ​ပေ။သူ​တော်​တော်​လေး ထိန်းထားသာ​ကြောင့်သာ အခုချိန်ထိ အသိစိတ်ရှိ​နေတာဖြစ်တယ်။

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Where stories live. Discover now