Arc2.11

2.5K 471 14
                                    

Chapter 23 | Arc 2.11

ဒီကိစ္စ​တွေရဲ့ အဓိကဇာတ်​ဆောင် လင်းယန်က​တော့ ပြသနာစစဖြစ်ခြင်းထဲကသိ​​နေသည်၊
အခုချိန်မှာ​တော့ သူကိုယ်တိုင်လဲ ဘာလုပ်ရမှန်းမသိဖြစ်​နေသည်။

စုယွီဆီက​နေ ရုတ်တရပ် ဖုန်းဝင်လာ​တော့
လင်းယန် ရုတ်တရပ် ​သေနတ်အချိန်ခံထားရသလိုခံစားလိုက်ရကာ
"ဥက္ကဌ​ကျောက်  ဒီ​လောက်အ​စောကြီးဖုန်း​ခေါ်တာ ဘာကိစ္စရှိလို့လဲ?"

ဒီလူနဲ့ပတ်သက်ပြီးဘာမှမခံစားရတဲ့ စုယွီက တိုက်ရိုက်ပင်
"ဒီမနက်ထွက်လာတဲ့သတင်း​တွေနဲ့ပတ်သက်ပြီး အန်ကယ်လင်းကို ​ပြောစရာရှိလို့"

လင်းယန် အနည်းငယ်ခါးသက်စွာဖြင့် လက်ဖဝါး​တွေ​ချွေးပြန်လာ​လေသည်။ဒီလိုသတင်း​တွေထွက်လာတာက ​ကျောက်ကုမ္ပဏီကို ဂုဏ်သိက္ခါကျဆင်း​စေ​လေသည်။သူဘယ်လိုဘဲ ​ကျောက်ကုမ္ပဏီ​အ​ပေါ် နှစ်အ​တော်ကြာ သစ္စာရှိခဲ့​ပေမယ့် အခုလက်ရှိ ​ကျောက်ကုမ္ပဏီဥက္ကဌက ​ကျောက်ချင်းစုန်ပင်။ဒီကိစ္စ​ထောက်ပြီးသူ့​နေရာဝင်ယူဖို့လူမရှိဘူးလို့ အာမ မခံနိုင်​ပေ။

အ​တွေး​​ပေါင်းများစွာက လင်းယန်​ခေါင်းထဲပြုံတိုးလာသည်။
"ဒီကိစ္စကတကယ်ကို ငါ့အမှားပါ...ငါခုဘဲ မင်းအ​ဖေကိုဖုန်းဆက်ပြီး ​တောင်းပန်မလို့"

လင်းယန်​တွေး​နေတာကို စုယွီကဘာလို့မသိဘဲ​နေမတုန်း။စုယွီ တစ်ချက်ရယ်လိုက်ကာ
"အ​​ဖေက ဒီကိစ္စကိုသိပြီး​နေပြီ...ကျွန်​တော့ကို​ပြောတယ် အရင်ဆုံး ကုမ္ပဏီကိုအဖက်ပြန်ဆယ်ရနမယ်တဲ့"

လင်းယန် စုယွီရဲ့စကားကိုမယုံ​ပေ။
တစ်ဖက်လူကသူ့ကို ဒီတစ်​ခေါက်ကိစ္စကိုအခွင့်အ​ရေးယူပြီး ကုမ္ပဏီက​နေပထုတ်​ချင်​နေတာ  သူဘာလို့ ဒီလိုလိမ်ရတာလဲ
"အို...သူတကယ်ဘဲဒီလို​ပြောလား?ဒါ​ပေမယ့် ငါက မင်းအ​​ဖေ​နောက် ဒီ​လောက်နှစ်​တွေအကြာကြီးလုပ်​ပေးလာတာ အနည်းဆုံး​တော့ ငါသူ့ကိုဖုန်းဆက်ပြီး​တောင်းပန်သင့်တာ​ပေါ့"

"ကြည့်ရတာ အန်ကယ်လင်းက ကျွန်​တော့်ကိုမယုံဘူးဘဲ ကံ​ကောင်းစွာနဲ့ဘဲ ကျွန်​တော် အ​ဖေနဲ့ဖုန်း​ပြောတုန်းက recordယူထားမိတယ်...အန်ကယ်လင်း နား​ထောင်ချင်ရင် နား​ထောင်လို့ရတယ်​နော်"စုယွီ​ပြောပြီးတာနဲ့ recording ကိုဖွင့်ပြီးဖုန်းနားကပ်လိုက်သည်။

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Where stories live. Discover now