Arc 2.14

2.2K 435 16
                                    

#Unicode

Chapter 26 | Arc 2.14

နောက်ဆုံးတွင် လုမန်နီ၏အကြောင်းဟာ လီဟန်၏လုပ်ရပ်ကြောင့် ပေါ်ပေါက်သွားသောအခါ အင်တာနက်ပေါ်တွင် ဝုန်းဒိုင်းကြဲသွားပြန်သည်။ သူမသည် အသံသွင်းထားတာကို ဖြူဖျော့နေသောမျက်နှာဖြင့် နားထောင်နေရင်း သူမ အိမ်မက်ဆိုးတစ်ခု၏ဖမ်းစားခြင်းခံလိုက်ရသလိုမျိုး ခံစားခဲ့ရသည်။

ဒါပေမယ့် သူမ ဒီအိမ်မက်မှ ပြန်နိုးထလို့ မရဘူး။

လုမန်နီသည် လီဟန်ကို အလျင်အမြန်ဆက်သွယ်ရန် ကြိုးစားသော်လည်း အခြားတစ်ယောက်ကမူ သူမကို အသိအမှတ်ပင် မပြုတော့ပါ။ လီဟန်နှင့်ခင်တာ ခဏလေးသာ ရှိ‌သေးသောကြောင့် အခြားမည့်သည့်နေရာမှာ နေထိုင်နေကြောင်းကို သူမ မသိခဲ့ပါ။ ထို့ကြောင့် သူမ ကြိုးစားရှာဖွေလျှင်ပင် သူ့ကို ရှာမတွေ့နိုင်ဘူး။ လုမန်နီသည် အခန်းတွင်း၌ အပြန်ပြန် အလှန်လှန်လျှောက်နေရင်း အလွန်စိတ်သောကရောက်နေခဲ့သည်။

လီဟန် အဲ့ခွေးကောင် သူမက သူ့ကို တကယ်အသုံးချခဲ့ပေမယ့် သူမကို သူ အန္တရာယ်ပြုလိမ့်မယ်လို့ ဘယ်တော့မှ မတွေးခဲ့ဖူးဘူး။ ဒီကိစ္စမှာ သူက သူမကို ထိုးကျွေးဖို့ ဘယ်လိုလုပ်ရဲရတာလဲ။

ပြီးတော့ အင်တာနက်ပေါ်က လူကြိုက်များတဲ့အင်တာနက်အသုံးပြုသူတွေ၊ ဒီအကြောင်းက သူတို့နဲ့မဆိုင်ဘူး။ ဘာကြောင့် သူတို့က ဤမျှဆိုးဝါးသောစကားများဖြင့် သူမကို ကျိန်ဆဲနေရတာလဲ။

လုမန်နီဟာ ထိတ်လန့်၊ ဒေါသထွက်၊ မုန်းတီးပြီး နာကြဥ်းမိသော်လည်း သူမ အရာအားလုံးကို ဘာမှမလုပ်နိုင်လေဘူး။ သူမသည် အသစ်ပြန်လည်မွေးဖွားခြင်းခံခဲ့ရပြီးဖြစ်ပေမယ့် သူမသည် မည်သည့်ဖျော်ဖြေရေးကုမ္ပဏီနှင့်မှ တရားဝင်သဘောတူစာချုပ်ချုပ်ဆိုထားခြင်း မရှိခဲ့ပါ။ သူမ အကူအညီလိုအပ်လျှင်ပင် မည်သူကို ချည်းကပ်ရမည်ကို သူမ မသိခဲ့ပါဘူး။

သူမ တကယ်ပဲ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲကနေ ထွက်သွားရမှာလား။ သူမရဲ့သရုပ်ဆောင်အသက်မွေးဝမ်းကျောင်းမှုဟာ တကယ်ကို လမ်းဆုံးထိ‌ရောက်နေပြီလား။

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Tempat cerita menjadi hidup. Temukan sekarang