Chapter 24 | Arc 2.12
လုမန်နီက အရူးတစ်ယောက်မှမဟုတ်တာ။
သူဘာလို့ ခုနက သရုပ်ဆောင်တာဆိုးရွားနေလဲဆိုတာမသိပေမယ့် အခုချီချန်းရဲ့အကြည့်တွေကိုတော့ သဘောပေါက်တယ်။ဒါပေမယ့် သူတကယ်ဘဲ နားမလည်တော့ဘူး
ချီချန်းဘာလို့ သူ့ကိုဒီလိုကြည့်နေရတာလဲ။
သူ့ကိုဘာမှလုပ်မထားဘူးလေ!Drunken Moonမှာတွေ့တုန်းက အခြေအနေမကောင်းခဲ့ရင်တောင် မှားတဲ့သူက သူမမှမဟုတ်တာ!
လုမန်နီ တစ်နေကုန် အဲ့အကြောင်းကိုသာ တွေးနေမိသည်။ ညရောက်လာတဲ့အခါမှာတော့ ချီချန်းကို နားဖို့ ပြောလိုက်ရတော့သည်။ လက်ဖဝါးနှစ်ဖက်ကိုစုပ်ကိုင်ကာ မျှော်လင့်ချက်တွေများစွာသော အကြည့်ဖြင့်
"စီနီယာချီ ကျွန်မတို့ ၅မိနစ်လောက်နားလို့မရဘူးလား? ကျွန်မမေးစရာရှိတယ် ပြီးတော့ ပြန်ဖြေမယ်လို့လည်း မျှော်လင့်ပါတယ်"ချီချန်း လုမန်နီကို တစ်ချက်ပြုံးလိုက်ကာ
"မေးလေ"လုမန်နီ အနီးပတ်ဝန်းကျင်ကို တစ်ချက်စစ်လိုက်ကာ
"ဒီမှာ ရပ်ပြီး ပြောမလို့လား?"ချီချန်း ဆက်ပြုံးနေကာ
"၅မိနစ်က စကားပြောဖို့ကောင်းတဲ့နေရာကို ရှာဖို့ မလောက်ဘူး...အခုဆို၁မိနစ်တောင် ကုန်သွားပြီ"လုမန်နီ သူမဆံပင်ကိုသပ်လိုက်ကာ
"စီနီယာချီသိပါတယ် ကျွန်မကအခုမှ လူသစ်လေ...ဒါကကျွန်မရဲ့ပထမဆုံးဒရာမာ...
အဲ့ဒါကြောင့် ကျွန်မသရုပ်ဆောင်တာ အဆင်မပြေရင် စီနီယာချီ သင်ပေးလို့ရမလားလို့ပါ"ချီချန်းဆက်ပြုံးနေကာ
"ဒါပေါ့...အသစ်ကိုကူညီပေးတာ ဖြစ်သင့်တာဘဲလေ"လုမန်နီ အပြုံးတို့ တောင့်ခဲသွားကာ သူမပြောချင်တာကလဲ ဒီရည်ရွယ်ချက်ပါဘဲ ဒါပေမယ့်
ချီချန်းက ဘာလို့ဒီလိုကြီးပြောနေရတာလဲ။
ဒါ တမင်လုပ်နေတာဘဲ!ချီချန်း ဘာလို့သူမကို ဒီလိုဖိအားပေးနေလဲဆိုတာ
ပေါ်တင်မမေးနိုင်တာကြောင့် လုမန်နီ ရင်ဘတ်ကြီးတင်းကျပ်တာ နေရမသက်မသာဖြစ်လာသည်။
أنت تقرأ
ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်
الخيال (فانتازيا)NOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့systemရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးပေးမယ့်တစ်ဦးတည်းသောလူတစ်ယောက်ပါ မင်းငါတို့နဲ့ချိတ်ဆက်ပေးပါလား စုယွီ : ငါ့မှာဒီလောက်ပိုက်ဆံ၊ရုပ်ရည်၊အရည်အ...