Only You Part-8

118 9 0
                                    

part(8)

Seungri ဖုန်းသုံးနေရင်း--ဘာရယ်မဟုတ်ပြက္ခဒိန်လေးကို
လှန်းကြည့်မိတော့--မှတ်ထားတဲ့ရက်စွဲလေးတစ်ခု အင်းး
သက်ပြင်းရှည်ကြီးချလိုက်ပြီးတော့... သူနဲ့ခင်လာတာခုဆို
ခြောက်လဆိုတဲ့အတိုင်းအတာတောင်--ရောက်ခဲ့ပါပေါ့လား...

သူ့ဘက်ကဘယ်လိုနေလဲမသိပေမဲ့--Riကတော့ဒီခြောက်လ
ဆိုတဲ့အချိန်အတွင်းမှာ... သူ့ဆီကနေခံစားမှုပေါင်းစုံကိုရနေ
တော့တာပဲ... Riတော်တော်ရီရတာပဲနော်... သူနဲ့ပတ်သက်ရင်
အသေးအမွှားလေးကအစ--လိုက်မှတ်ထားတက်တာ--Ri
အကျင့်လိုတောင်ဖြစ်နေပြီ...

ဒါကိုဟိုလူကြီးက--သိမယ်မထင်ပေါင် Riကပဲတစ်ဖက်သက်
ဖြစ်နေရတာ--တစ်ခါတစ်လေကျ--Riလည်းသိချင်တယ်သူ
Riအပေါ်ဘယ်လိုမြင်လဲဆိုတာ...

Riတစ်ယောက်အခန်းထဲမှာထိုင်နေရင်း--မျက်နှာအမူအရာ
ပေါင်းစုံနဲ့.... ပါးစပ်ကလည်း "ဘယ်လိုမှမြင်မှာမဟုတ်ပါဘူး
လေ....သူ့အမြင်မှာငါကsexyကျကျမိန်းကလေးလည်းမဟုတ်...
သာမာန်ယောက်ျားလေး...သူငယ်ချင်းတစ်ယောက်ပဲကို ...ဒီ့ထက်
လည်းပိုလာမှာမှမဟုတ်တာ ငါကဘာကိုမျှော်လင့်ချင်သေး
တာလဲ... နင်အရူးပဲseungri အရူးပဲ--"ကိုယ့်ခေါင်းကိုပြန်ထုပြီး
တော့သတိပေးလိုက်တယ် ဘာမှမစဉ်းစားတော့ဘူးကွာ...

ပျင်းလိုက်တာကွာ... ဒီနေ့ကပိတ်ရက်ဆိုတော့ဘယ်သွားရင်
ကောင်းမလဲ ...အပြင်မထွက်ရတာလဲကြာပြီဆိုတော့ 🤔
ပျော်လည်းပျော်ရမယ် ...စိတ်ဖိစီးမှုတွေလည်းလျော့ကျ
သွားနိုင်မဲ့နေရာ...ဘယ်မှာရှိမလဲ ဟာဟုတ်ပြီကစားကွင်း
သွားရမယ်... ရိုလာကိုစတာလေးစီးလိုက်ရရင်တော့ဖြင့်...
ဟိ ဟိကိုယ့်အတွေးနဲ့ကိုယ်ကတော့ဟုတ်နေတာပဲ

ဟင်းး ဒါနဲ့ကစားကွင်းဆိုတာအဖော်လေးပါမှကောင်း
တာ...ဘယ်သူ့ကိုခေါ်ရမလဲ... အကိုTopကိုခေါ်ကြည့်ရ
မယ်... လိုက်မလိုက်တော့မသိ

ဒေါက်~~ဒေါက် အကိုTopရေ အကိုTop သူ့အခန်း
ထဲမှာလဲမရှိဘူး...အောက်မှာထင်တယ် အောက်ဆင်း
ကြည့်လိုက်တာပဲကောင်းပါတယ်

"အကိုTop​ရ --အကိုTop"
Top ဧည့်ခန်းထဲမှာ... Dara နဲ့ chatနေရင်းခေါ်သံကြားတော့...

Only You (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ