Only You Part-25 (end)U&Z

191 8 0
                                    

Part-25 (End)unicode

၂နှစ်ကြာပြီးနောက်………

Seungriတစ်ယောက် လက်ဆက်တဲ့လေပြေလေညှင်းလေးတွေကို အပြည့်အဝခံစားရင်း…ကိုကိုနဲ့သူ…ကုန်လွန်ခဲ့တဲ့အရင်အချိန်တွေကို ပြန်လည်တွေးတောနေမိတယ်။

လွန်ခဲ့သော၂နှစ်ခန့်က…

"ငယ်…"

"ဗျာ…ကိုကို"

"ကိုယ်တို့နှစ်ယောက်အကြောင်းကို…ကို့ကို့မိဘတွေဆီဖွင့်ပြောလိုက်ပြီ"

Ri မျက်နှာထက်ဝယ် အံ့ဩမှုတို့နဲ့အတူ …စိုးရိမ်ထိတ်လန့်မှုတစ်ချို့ပါ…ဖြတ်ပြေးသွားတယ်။

"သူ…သူတို့သဘောထားကရော…ကိုကို။ Riကို့လက်ခံနိုင်ပါ့မလား"

ငယ် စကားပြောတဲ့အခါ …အသံအနည်းငယ်တုန်ယင်နေတာကြောင့်…သူကြောက်နေမယ်ဆိုတာ Jiyongသိပါတယ်။ငယ့်ကိုယ်လေးကို အသာထွေးပွေ့ဖက်လိုက်ပြီး…ကျောပြင်လေးကို ဖြေးဖြေးလေးပုတ်ကာ …နှစ်သိမ့်မှုပေးလိုက်သည်။

"ကိုကို ပြောပါဦး…Riတို့နှစ်ယောက်ကို လက်ခံနိုင်ရဲ့လားလို့"

Riကြောက်မိတယ် ကိုကို့ရဲ့မိဘတွေလက်မခံမှာကို။Riအကြောက်ဆုံးကတော့… ကိုကိုနဲ့ဝေးရမှာကိုပဲ… ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ကိုကို့ကိုလက်မလွှတ်ချင်ဘူး။ကိုကို့ရဲ့ကိုယ်လေးကို…Riပိုပြီး တင်းတင်းကြပ်ကြပ်လေး… ဖက်ထားမိတယ်။

Jiyongသူ့ခါးမှတင်းကြပ်လာတဲ့ လက်တစ်စုံ
ကြောင့်…ငယ့်နဖူးလေးကို အကြင်နာ အနမ်းတစ်ပွင့်ခြွေကာ…ကိုယ်ချင်းခွာလိုက်ပြီး…သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်တယ်။

"ငယ်…ကိုကိုပြောတာသေချာ နားထောင်ပေးနော်။ပြီးတော့လေ…ငယ့်ကို ကိုယ်အရမ်းချစ်တာသိတယ်မလား။"

Riခေါင်းငြိမ့်ပြလိုက်တယ်။သူပြောလာမယ့်စကားကို မျှော်လင့်နေတဲ့မျက်ဝန်းတစ်စုံကြောင့်…yongလည်း

"ကိုယ့်မိဘတွေပြောတာက…ကိုကိုတို့နှစ်ယောက်ကို လက်ခံတယ်တဲ့ …ဒါပေမဲ့…"

Ri 'လက်ခံတယ်'ဆိုတဲ့ စကားလည်းကြားရော…ထခုန်မိမတက် ပျော်မိတယ်ဆိုပေမဲ့… ကိုကိုရဲ့နောက်ဆက်တွဲစကားကြောင့်… ကြောက်တဲ့စိတ်တို့တစ်ဖန်ပြန်ဝင်လာပြန်တယ်။

Only You (Completed)Where stories live. Discover now