Part-21(U&Z)🔞

354 13 3
                                    

Part-21🔞⚠️ warningအနည်းငယ်

မနက်ခင်းနေရောင်ခြည်…နွေးနွေးလေးနဲ့အတူ
Seungriအိပ်ရာကနိုးလာတော့…

သူ့ကိုဖက်တွယ်ထားတဲ့… လက်တစ်စုံ… ကြည့်လိုက်တော့ သူအချစ်ရဆုံးသောသူ  Kwon Jiyongဆိုတဲ့လူသား…

ထိုအချိန်အခိုက်အတန့်လေးမှာ  သူဘာကိုမှမစဉ်းစားနိုင်သေးပဲ  သူမြတ်နိုးရတဲ့လူရဲ့ အစိတ်အပိုင်း…တစ်ခုချင်းစီကို လိုက်ကြည့်နေမိတယ်။

"ကိုကိုက… ပြီးပြည့်စုံတာထက်ကိုပိုတယ်"ဒီLee Seungriရဲ့ ချစ်သူပဲ… အဲ့လောက်တော့ရှိရမှာပေါ့။

Riတော့ စိတ်ထဲကနေပြီး ကိုယ့်ကိုကိုဂုဏ်ယူလို့မဆုံး…

တွေးစတို့ကိုဖျောက်ပြီး ထမယ်အလုပ်… 'အားး
ကျွတ်စ်… ' ပါးစပ်ကနေ ရေရွတ်ရသည်အထိ
အောက်ပိုင်းက…နာကျင်မှု။

ခန္ဓာကိုယ်အပေါ်ပိုင်းက…ဗလာကျင်းလျှက်…
ဒါ…ဒါဆိုအောက်ပိုင်းကရော…ခြုံထားတဲ့စောင်ကို ဖွင့်လှပ်ကြည့်တော့…အားး!!(စိတ်ထဲက)

ကိုကို့ ကိုကြည့်လိုက်တော့… သူ့ကိုယ်မှာလည်းအဝတ်မရှိ…ဒီအခြေအနေတွေက ဘာတွေလည်း
ညက…ငါဘာဖြစ်သွားသေးတာလဲ စဉ်းစားစမ်း?

အရင်ဆုံးအကိုကြီးတို့နဲ့အတူ…အရက်သောက်တယ် ပြီးတော့…ပြီးတော့ဘာဆက်ဖြစ်သေးတာလဲ။

တစ်စတစ်စပုံရိပ်တို့က…ခေါင်းထဲမှာအစီအရီ

"ငယ်…အရမ်းမူးနေပြီ တော်တော့နော်…"

"ဟင့်အင်း…Riမမူးသေးပါဘူး သောက်ဦးမှာ"

"ငယ်က…လိမ္မာပါတယ်  တော်တော့နော်…ဆက်မသောက်နဲ့တော့ ကိုကိုအိမ်ပြန်ပို့ပေးမယ်…လာသွားရအောင်"

"မပြန်ချင်သေးပါဘူးဆို… ကိုကိုကလည်း Riသောက်ဦးမှာ…လို့ "

"မရစ်နဲ့ကွာ ငယ်ရာ… လာပါ ပြန်ရအောင်"

"ဘာ!!အခုတော့ Riက ကိုကို့ကိုရစ်တယ်ပေါ့…
အဲ့လိုဆို ကိုကိုက… မချစ်တော့ဘူးလား Riကို အီးဟီး…"

"အာာ ကိုကိုက …ငယ့်ကိုဘာလို့မချစ်ရမှာလည်း
ချစ်လွန်းလို့ အာခံတွင်းထဲမှာတောင်…ငုံထားချင်တာ"

Only You (Completed)Where stories live. Discover now