Part-22 (U&Z)

138 12 7
                                    

Part-22

Riပင်လယ်ဘက်ကိုသွားချင်တယ်ပြောလို့…ကိုကိုကအချိန်မဆွဲဘဲ အရောက်ပို့ပေးခဲ့သည်လေ။

ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ကိုကိုလဲ။Ri ဖြစ်ချင်တဲ့အရာမှန်သမျှအကုန်ဖြည့်ဆည်းပေးတယ်။

ဒီအချိန်မှာ Kwon Jiyongဆိုတဲ့  လူသားတစ်ယောက်ကို ပြောချင်နေတဲ့စကားက 'အရမ်းချစ်တယ်ဆိုတာပဲ' Riနှလုံးသားရဲ့ ဟိုးးအနက်ရှိုင်းဆုံးမှာ နေရာဝင်ယူထားတဲ့  ကိုကိုရယ်ပါ။

"ငယ်…"

Ri ကျယ်ပြောလှတဲ့ပင်လယ်ကြီးရဲ့အလှကိုတစ်ချက်ကြည့်ပြီး မျက်လုံးများမှိတ်ကာ သဘာဝလေကိုရှူရှိုက်ရင်း  အတွေးများနေခိုက်… နောက်ကနေ Riခါးကိုဖက်တွယ်လာတဲ့ လက်တစ်စုံ။

ကိုကို့နှုတ်ဖျားကနေ နူးနူးညံ့ညံ့လေးထွက်ပေါ်လာတဲ့ နာမ်စားတစ်ခု 'ငယ်'တဲ့။ ကိုကိုထိုသို့ခေါ်လိုက်တိုင်း Riရင်ထဲနွေးထွေးမှုကိုခံစားရတယ်။

"ငယ်…ချစ်တယ်နော်"

Jiyong သူတန်ဖိုးထားမြတ်နိုးရတဲ့သူက … ပင်လယ်ဘက်ကိုခရီးထွက်ချင်တယ်ပြောလို့…
အချိန်ဆိုင်းမနေတော့ဘဲ  နောက်နေ့ချက်ချင်းပဲ
ထွက်လာခဲ့တယ်။

ငယ် ကသူ့ဘဝအတွက်အရှင်သခင်ပဲ…ငယ်ကသာသူ့အတွက်အရေးကြီးဆုံးပုဂ္ဂိုလ်  ကျွန်တော်ရဲ့နိဗ္ဗာန်ဘုံလေးပေါ့။

ဒီခရီးစဉ်မှာတော့ ငယ်နဲ့ကျွန်တော်အပါအဝင် ငယ့်အကိုကြီးနှစ်ယောက်လည်းပါတယ်။ဖြစ်နိုင်ရင် ငယ်နဲ့နှစ်ယောက်တည်းသာ လာချင်တာ။

ဒါပေမဲ့လည်း ငယ့်ဘက်ကကြည့်မယ်ဆိုရင် မိသားစုဆိုလို့ ထိုအကိုကြီးနှစ်ယောက်ပဲရှိတော့တာလေ။ပြီးတော့ညီအကိုသုံးယောက်ကလည်းဆုံခဲကျတယ်ဆိုတော့ ငယ့်အနေနဲ့မိသားစုအမှတ်တရလေးအဖြင့် ပျော်စရာလေးချန်ခဲ့ချင်မှာပဲလေ။

နောက်ဆိုရင် ကျွန်တော်လည်းမိသားစုဝင်ဖြစ်လာတော့မှာဆိုတော့ ကြိုပြီးတော့ ငယ့်အကိုကြီးနှစ်ယောက်ကို ဖားရမယ်လေ သိတယ်မလား။ကျွန်တော့်စိတ်နဲ့သာဆို  ဒီလိုတွေလုပ်နေမှာမဟုတ်ဘူး။အခုကကျွန်တော်ချစ်ရတဲ့သူလေးရဲ့
အကိုတွေဖြစ်နေလို့ စိတ်ကိုတစ်ထစ်လျှော့ချထားတာ။

Only You (Completed)Donde viven las historias. Descúbrelo ahora